သောက်ရမ်းမိုက် အက်ရှင်ကားသစ်ကြီး H-u-m-i-n-t (2-0-2-6)… — Action Drama — TG.ME

Forwarded fromစတစာတန်းထိုးဇာတ်ကားများ💓

သောက်ရမ်းမိုက် အက်ရှင်ကားသစ်ကြီး H-u-m-i-n-t (2-0-2-6) တောင်ကိုးရီးယား အမျိုးသားထောက်လှမ်းရေးအဖွဲ့က ဌာနမှူးဂျို (Zo In-Sung) ကတော့ အရှေ့တောင်အာရှမှာ ဖြစ်ပွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ခြေရာခံလိုက်နေသူပါ။ သူဟာ H-U-M-I-N-T စစ်ဆင်ရေးတစ်ခုအတွင်းမှာ အသက်ပေးလိုက်ရတဲ့ သတင်းပေး ချန်ထားခဲ့တဲ့ သဲလွန်စနောက်ကို လိုက်ပြီး ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ဆီ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမြို့မှာ ဌာနမှူးဂျိုဟာ မြောက်ကိုးရီးယားစားသောက်ဆိုင် ဝန်ထမ်းမလေး ချယ်ဆွန်းဟွာ (Shin Sae-Kyeong)နဲ့ ဆုံတွေ့မိပြီး ဆွန်းဟွာကို သူ့ရဲ့ HUMINT စစ်ဆင်ရေးအသစ်အတွက် သတင်းပေးအဖြစ် ရွေးချယ်လိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း နယ်စပ်ဒေသမှာ ဖြစ်ပွားနေတဲ့ လူပျောက်မှုတွေကို စုံစမ်းဖို့အတွက် ဗလာဒီဗော့စတော့မြို့ဆီ စေလွှတ်ခြင်းခံရတဲ့ မြောက်ကိုးရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနက ခေါင်းဆောင် ဘတ်ဂွန်း (Park Jeong-Min) ဆိုသူက ဒီအမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုးရီးယား ကောင်စစ်ဝန်ချုပ် ဟွမ်ချီဆောင်း (Park Hae-Jun) ရှိနေမှန်း သိလိုက်ရပါတော့တယ်။ မတူညီတဲ့ ပန်းတိုင်ကိုယ်စီနဲ့ ဗလာဒီဗော့စတော့မြို့မှာ ထိပ်တိုက်ဆုံတွေ့မိကြတဲ့ မြောက်နဲ့‌ တောင်ကိုးရီးယား အေးဂျင့်တွေရဲ့ အားပြိုင်ပုံကို ဒီဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။

August 29, 2026 586 5