"သွေးစွန်းခဲ့တဲ့ အတိတ်က အငြိုးအတေးတွေနဲ့ ပြန်လည်နိုးထလာပြီး ရန်သူတွေကို သွေးအေးအေးနဲ့ ကလဲ့စားချေမှုန်းပစ်မဲ့ မိဖုရားဧကရီ...
သူမရဲ့ နာကျင်ခဲ့သမျှ ဒဏ်ရာအမာရွတ်တိုင်းကို ရင်ခွင်ထဲ ထွေးဖက်ပြီး အသက်နဲ့လဲလို့ ကာကွယ်စောင့်ရှောက်ပေးသွားမဲ့ ဧကရာဇ်အရှင်သခင်...
အတိတ်ဘဝမှာ အယုံကြည်ရဆုံးသူတွေရဲ့ လှည့်စားသစ္စာဖောက်မှု၊ ရက်စက်စွာ နှိပ်စက်ခံရမှုတွေကြောင့် နာကျင်စွာ သေဆုံးခဲ့ရပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းမှာ ဒုတိယအကြိမ် ဘဝသစ်နဲ့ ပြန်လည်မွေးဖွားလာခဲ့တဲ့ မိဖုရားတစ်ပါး။ ဒီတစ်ခါ ပြန်လည်နိုးထလာခြင်းက ခွင့်လွှတ်ဖို့ မဟုတ်ဘူး၊ သူမကို ဒုက္ခပေးခဲ့သမျှ ရန်သူတော်အပေါင်းကို အစအန မကျန်အောင် အပြတ်ရှင်းပစ်ဖို့ပဲ!
ဇတ်လမ်းအကျဥ်း~
ညီမအရင်းဖြစ်သူနဲ့ သားအရင်း ဖြစ်သူရဲ့ နောက်ကျောဓားနဲ့ထိုးမှုကြောင့် ဧကရာဇ်ရဲ့ အမြတ်နိုးဆုံးမိဖုရား ကျန်းရှူးယီဟာ နာကျည်းခံပြင်းမှုများစွာနဲ့ သေဆုံးခဲ့ရပါတယ် ။
သို့ပေသည့် သူမအား မိုးနတ်မင်းက သနားညှာတာသောအားဖြင့် "ပြန်လည်မွေးဖွားခြင်း" ဆိုတဲ့ အခွင့်အရေးကို ပေးအပ်ခဲ့ပါတယ်။
သားဖြစ်သူအတွက် အရာအားလုံးကို အကွက်ချပေးပြီး ညီအစ်မသံယောဇဉ်ကို အလေးထားခဲ့တာကြောင့် ၀မ်းနည်းခံပြင်းစွာသေဆုံးခဲ့ရတဲ့ သူမရဲ့ အတိတ်ဘဝမှာ သူမအပေါ် ဘယ်သောအခါမှ စိတ်မပျက်ခဲ့ဘဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေပဲ ပေးအပ်ခဲ့တဲ့ တစ်ဦးတည်းသောသူကတော့ သူမရဲ့ ခင်ပွန်း တစ်ဖြစ်လည်း ဧကရာဇ် ဖေယန် ဖြစ်ပါတယ်။
ကျန်းရှူးယီက ပြန်လည်မွေးဖွားလာချိန်မှာတော့ သူမရဲ့ ချစ်ခင်ပွန်းဖြစ်တဲ့ ဧကရာဇ် ဖေယန် တစ်ယောက်တည်းကိုပဲ အရာအားလုံး ပုံအပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ဒါပေမဲ့ အရာအားလုံးက သူမ ထင်သလောက် မရိုးရှင်းနေခဲ့ပါဘူး…
သူမရဲ့ ပြန်လည်မွေးဖွားလာမှုက ဧကရာဇ်ဖေယန်ရဲ့ စီစဉ်မှု ဖြစ်နေခဲ့မယ်ဆိုရင် ..
ဧကရာဇ် ဖေယန်ကရော ပြန်လည်မွေးဖွားလာခဲ့တာများလား...
ဒါမှမဟုတ် သူမအတွက် ဧကရာဇ် ဖေယန်က အရာအားလုံးကို ပေးဆပ်ခဲ့တာများလား...
ဒါဆို ကျန်းရှူးယီက ဒီဘဝမှာ ဘယ်လိုရွေးချယ်မှုတွေကို ရွေးချယ်ပြုလုပ်သွားမလဲဆိုတာကို "နှလုံးသားထက်မှချစ်နန်းသက်လျာ" ဆိုတဲ့ ဇတ်လမ်းလေးကို ACE Chinese Channelကနေ ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။
ACE Chinese Channel မှ ဘာသာပြန်တင်ဆက်ပါသည်။
#နှလုံးသားထက်မှချစ်နန်းသက်လျာ
#MeiJun
🙁🙂↔️😋😏
အစုံလင်ဆုံးဘောနပ်တွေနဲ့ 🎲
အနိုင်ငွေတွေ သိမ်းပိုက်နိုင်ဖို 💵
အခုပဲ အကောင့်ဖွင့် ကစားလိုက်ပါ 💛
❤️✍️🧎🏪🟢✅
📱 Viber - https://cutt.ly/jsbm9_vb
📱 Telegram - https://t.me/JDBM9ServiceBot
