သားသားမီးမီးတို့ အင်္ဂလိပ်စာလေ့လာတဲ့အခါ ကျော်သွားလို့မရတဲ့… — Accurate English For Learners — TG.ME

သားသားမီးမီးတို့ အင်္ဂလိပ်စာလေ့လာတဲ့အခါ ကျော်သွားလို့မရတဲ့ အခြေခံကျွမ်းကျင်မှုတစ်ခုက ဝါကျတည်ဆောက်ခြင်း (Sentence Construction) ပါ။

Listening, Speaking, Reading, Writing စတဲ့ 4 Skill လုံးမှာ ဘယ်ဟာပဲဖြစ်ဖြစ် Sentence တွေနဲ့သာ အဓိက ဖွဲ့စည်းထားတာဖြစ်လို့ စနစ်တကျ Sentence Construction လုပ်နိုင်လာစေဖို့အတွက် အခြေခံ အင်္ဂလိပ်ဝါကျ တည်ဆောက်ပုံ (၃) မျိုးကို ပြောပြပေးလိုက်ပါတယ်နော်။

☀️ ဝါကျတွေ မတည်ဆောက်ခင်မှာ ဒီအချက်လေးတွေကို ကွဲကွဲပြားပြား သိထားဖို့ လိုအပ်ပါတယ်။

🔹 Subject (S) - ကိုယ်တည်ဆောက်မယ့် ဝါကျရဲ့ အဓိကဇာတ်ဆောင်၊ အကြောင်းကိစ္စတွေကို ပြုလုပ်သူ (လူ၊ တိရစ္ဆာန်၊ ကိစ္စတစ်ခုခုကို ပြုလုပ်ခြင်း စသဖြင့်)

🔹 Verb (V) - အပေါ်က Subject ရဲ့အပြုအမူ၊ သို့မဟုတ် ဖြစ်တည်မှု အခြေအနေ

🔹 Object (O) - Subject ရဲ့ အပြုအမူကို လက်ခံယူသူ (receiver)၊ Subject ရဲ့အပြုအမူရဲ့ အကျိုးသက်ရောက်မှုကို ခံယူရသူ

🔹 Complement (C) - Subject အကြောင်းကို ပိုပြည့်စုံအောင် ဖော်ပြပေးတဲ့ ဖြည့်စွက်စကားလုံး။ အများအားဖြင့် Adjective တွေနဲ့၊ Noun တွေဖြစ်လေ့ရှိပါတယ်။

ဥပမာ - “The cake is delicious.” ဆိုတဲ့စာကြောင်းမှာ delicious က Subject ဖြစ်တဲ့ cake ရဲ့အကြောင်းကို ပိုပြည့်စုံအောင် ဖော်ပြပေးလို့ Complement လို့ သတ်မှတ်ရမှာပါ။ “He becomes a hero.” မှာဆိုရင်တော့ hero က he ဆိုတဲ့ subject ကို ပိုပြည့်စုံအောင် ဖော်ပြပေးတဲ့အတွက် Complement လို့ သတ်မှတ်နိုင်ပါတယ်။

Pattern 1: SV (Subject + Verb)

ကလေးတို့အတွက် အလွယ်ကူဆုံးပုံစံဖြစ်ပြီး Subject နဲ့ Verb ပဲ ပါဝင်ပါတယ်။

“Birds (S) + fly (V).”
ငှက်ကလေးတွေ ပျံကြတယ်။

“Children (S) + laugh (V).”
ကလေးတွေ ရယ်ကြတယ်။

“Rain (S) + falls (V).”
မိုးရွာတယ်။

Pattern 2: SVO (Subject + Verb + Object)

ကလေးတို့ရဲ့ နေ့စဉ်ဘဝမှာ လွယ်လွယ်ကူကူ သုံးလို့ရတဲ့ ဝါကျပုံစံဖြစ်ပြီး တည်ဆောက်ရတာလည်း လွယ်ကူပါတယ်။

“I (S) + drink (V) + water (O).”
ကျွန်တော် ရေကိုသောက်တယ်။

“She (S) + writes (V) + stories (O).”
သူက ပုံပြင်တွေ ရေးတယ်။

“They (S) + play (V) + games (O).”
သူတို့က ဂိိမ်းတွေ ကစားကြတယ်။

Pattern 3: SVC (Subject + Verb + Complement)

တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုအကြောင်းကို ပိုပြီးသိသာထင်ရှားအောင် ပြောပြချင်တဲ့အခါမှာ ဒီဝါကျပုံစံကို သုံးလို့ရပါတယ်။

“The sky (S) + became (V) + dark (C).”
ကောင်းကင်က မည်းမှောင်လာခဲ့တယ်။

“My dad (S) + is (V) + tall (C).”
ကျွန်တော့်အဖေက အရပ်ရှည်တယ်။

“The room (S) + feels (V) + cold (C).”
ဒီအခန်းက အေးပါတယ်။

ကဲ အခြေခံ ဝါကျတည်ဆောက်ပုံ (၃) ခုကို သိသွားပြီဆိုတော့ အောက်က လေ့ကျင့်ခန်းလေးပါ လုပ်ကြည့်လိုက်နော်။ ပေးထားတဲ့ စကားလုံးတွေကို ဝါကျဖြစ်အောင် အထက်ကပြထားတဲ့ Pattern တွေအတိုင်း ပြန်စီကြည့်လိုက်ပါ။ 🤩🤩

1. puppy / The / playful / is (💡 Hint: Pattern 3)
2. soccer / play / They (💡 Hint: Pattern 2)
3. likes / milk / cat / The (💡 Hint: Pattern 2)
4. tastes / sweet / apple / The (💡 Hint: Pattern 3)
5. bark / Dogs (💡 Hint: Pattern 1)

အခုလိုမျိုး အင်္ဂလိပ်စာ အခြေခံကောင်းတွေကို ကလေးတို့ ငယ်စဉ်ကတည်းက တည်ဆောက်ပေးချင်ရင်တော့ Accurate English ကိုသာ ရွေးချယ်လိုက်နော်။

အသက် (၇) နှစ်ကနေ စတင်တက်ရောက်နိုင်တဲ့ Cambridge Pre-Starters, Starters, Movers, Flyers, KET, PET, FCE, FCE Foundation အတန်းတွေကို BA (English) / MA (English) ဘွဲ့ရ အတွေ့အကြုံရင့် Teacher တွေက Online Zoom Class နဲ့ လစဉ် တန်းခွဲသစ်တွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

အသေးစိတ် စုံစမ်းမေးမြန်းဖို့နဲ့ အတန်းအပ်နှံဖို့ Page ရဲ့Chatbox (သို့မဟုတ်) ☎️ 09 250 405 975 ကို ဆက်သွယ်နိုင်ပါတယ်။

Chatbox မှာ
▫️ ကလေးအမည်
▫️ အသက်
▫️ ဖုန်းနံပါတ် ချန်ထားပေးပါကလည်း
အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးသွားပါမယ်နော်။
❤1
July 9, 2026 285 1