ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက်… — AA Info Desk — TG.ME

ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်

အာရက္ခပြည်၊ ရသေ့တောင်မြို့နယ်၊ အောက်ဇီးကိုင်းကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၅၀) မိနစ် အချိန်ခန့်တွင် ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အောက်ဇီးကိုင်းကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ဒေါ်သန်းမေနု (၄၈ နှစ်) မှာ နဖူး၌ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထု၏ နေအိမ် (၃) လုံးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။

ယမန်နေ့ ဩဂုတ်လ (၁၆) ရက်နေ့၌လည်း သံတွဲမြို့ပတ်ဝန်းကျင်အနီးတစ်ဝိုက်အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သားအဖနှစ်ဦး သေဆုံးခဲ့ကာ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခတပ်တော်မှ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့၊ ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်။

(ဓာတ်ပုံ - ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အောက်ဇီးကိုင်းကျေးရွာသူ ဒေါ်သန်းမေနု (၄၈ နှစ်) နှင့် နေအိမ်များပျက်စီးမှု မှတ်တမ်း)

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်
😢348🤬62❤25👍9😁8🙏7🤣5🍾2🔥1
August 17, 2026 15.9K 31