The Szn [2023] ရိုမန် ပယ်ရီဟာ ဖခင်ဖြစ်သူရဲ့မာနကြီးမှုတွေ စိတ်ကြီးဝင်မှုတွေကြောင့် မိသားစုကိုမုန်းတီးနေသူပါ။ ဘယ်လောက်ထိ မုန်းတီးနေလဲဆို အလုပ်ကလူတိုင်းကို မိဘတွေဟာ ကားမတော်တဆမှုကြောင့်သေသွားပြီ၊သူဟာ တစ်ဦးတည်းသောသားပါလို လိမ်ညာထားသူပါ။ မွေးချင်း မောင်နှမတွေဖြစ်တဲ့ လန်ဒန် အဗ်ဗာရိုစ်တိုနဲ့လည်း အဆက်အသွယ်ဖြတ်ကာ အလုပ်ကိုသာကြိုးစားနေခဲ့ပါတယ်။ တစ်နေ့ကျတော့ သူ့အလုပ်ရုံးခန်းဆီ လူတစ်ယောက်ရောက်လာပြီး သူ့အစ်ကိုဖြစ်သူအဗ်ဗာရိုစ်ရဲ့ ရာဇဝတ်မှုအကြောင်းလာပြောပါတော့တယ်။ မိသားစုအကြောင်းလိမ်ညာထားသူဖြစ်ပေမယ့်လည်း သွေးသားတော်စပ်တဲ့အစ်ကိုဖြစ်သူက ပြဿနာရှာထားပြီဆိုတော့ကယ်တင်ဖိုအကြောင်းဖန်လာရပါပြီ။ ဒါပေမဲ့ ဒီပြဿနာဟာ ရိုမန် ပယ်ရီကို ရည်ရွယ်ပြီးအကွက်ဆင်ထားတဲ့ သူ့အစ်ကိုရဲ့လက်ချက်ဖြစ်နေတဲ့အခါမှာတော့….. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ မှန်းလိုမရတဲ့ plotတွေအကြားကြည့်ရှုရမယ့်မိသားစုအရှုပ်တော်ပုံ ဇာတ်ကားပဲဖြစ်ပါတယ်။
55
7
1