ငါးမန်းကားအသစ် Sh*ark Th*ra*sh (2026) * ဒီကားဟာ B-grade… — Movies City 🩵 — TG.ME

Forwarded fromMOMovie City
ငါးမန်းကားအသစ်

Sh*ark Th*ra*sh (2026)
*

ဒီကားဟာ B-grade သရဲကားဆန်းဆန်းတွေကို အထူးပြုရိုက်ကူးတဲ့ The Asylum Production က ၂၀၂၆ မေလမှာ ထုတ်လုပ်ခဲ့တဲ့ Action-Horror Survival Disaster ရုပ်ရှင်ဖြစ်ပါတယ်။

ကမ်းခြေမြို့လေးဆီ ခရီးသွားမိသားစုတစ်စုနဲ့ဧည့်သည်တွေ အပန်းဖြေဖို့ ရောက်ရှိနေချိန်မှာ မထင်မှတ်ဘဲ အင်မတန်ပြင်းထန်လွန်းတဲ့ မုန်တိုင်းကြီးက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရေကာတာတွေ ကျိုးပေါက်ကာ ရေတွေ မြို့ထဲအထိ အရှိန်အဟုန်နဲ့ မြင့်တက်လာချိန်မှာ ပင်လယ်ထဲက ဗိုက်ဆာနေတဲ့ ငါးမန်းကြီးတွေပါ ရေလှိုင်းတွေနဲ့အတူ မြို့ထဲက လမ်းမတွေ၊ စိမ်းလန်းတဲ့ ပန်းခြံတွေနဲ့ဈေးဆိုင်တွေအထိ စီးဝင်ပါလာခဲ့ပါတယ်။

လမ်းမတွေပေါ် ရေမြုပ်သွားပြီး အထပ်မြင့်အဆောက်အဉီးတွေနဲ့ ရေနစ်နေတဲ့ အိမ်တွေပေါ်မှာ ပိတ်မိနေတဲ့မာ့ခ်ရဲ့ မိသားစုနဲ့ဒေသခံတွေဟာ ရေထဲမှာ လှည့်ပတ်ကူးခတ်နေကြတဲ့ငါးမန်းတွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်အောင် လက်နက်ဆန်းတွေ၊ လှေတက်တွေနဲ့ သဲထိတ်ရင်ဖိုပူးပေါင်းတိုက်ခိုက်ရင်း အမြင့်ပိုင်းဆီ အသက်လုရုန်းထွက်ကြရတော့တာ ဖြစ်ပါတယ်။

ငါးမန်းတိုက်ခိုက်မှု၊ သွေးထွက်သံယိုအခန်းတွေနဲ့ အကြမ်းဖက်မှုတွေ ပါဝင်ပါတာကြောင့် အသက် ၁၅ နှစ်နဲ့အထက်သာ ကြည့်ရှုသင့်တယ်လို့ သတ်မှတ်ထားပါတယ်။ The Asylum ရဲ့ ပုံမှန် Mockbuster B-grade စတိုင်အတိုင်း Over-the-top CGI ငါးမန်းတွေနဲ့ အပျင်းပြေ Monster Movies ကြိုက်သူတွေအတွက် သင့်တော်ပါတယ်။


😍Commentမှာဇာတ်ကားလင့်ပါ


🔽🔽🔽
❤1
September 9, 2026 588 1 2