De*ar Y*ou (2026)
2026 ရဲ့ အကောင်းဆုံး အချစ်ဇာတ်ကား ၊ IMDB 9 အကျော်နဲ့ပွဲထွက်လာပြီး တရုတ်တင်မက ရုံတင်သမျှ နိုင်ငံတိုင်းမှာ ဝက်ဝက်ကွဲလူပြည့်ခဲ့ပြီး ကြည့်ပြီးတာနဲ့ တစ်ရှုးလေးနဲ့ ပြန်ထွက်ခဲ့ရတဲ့ ဇာတ်ကားကြီးပေါ့ ။
ဇာတ်လမ်းလေးရဲ့အကြောင်းကို ပြောပြရမယ်ဆိုရင်တော့ ဂျပန်တွေကို တိုက်ထုတ်ပြီးတော့ လွတ်လပ်ရေးရသွားတဲ့အတွက် မိန်းကလေးငယ်လေးတွေက အလံကို ကိုင်ဆောင်ပြီး လမ်းပေါ်မှာ လမ်းလျှောက်ပြီး လွတ်လပ်ကြောင်းထုတ်ပြရပါတယ် ။ ဒီထဲမှာမှ ကောင်လေးတစ်ယောက်က အလံကိုင်လာတဲ့ရှေ့ဆုံးက ကောင်မလေးကိုကြိုက်ပြီးတော့ အချိန်တွေကြာလာတဲ့အခါမှာ ချစ်သူတွေကနေ ၊ အိမ်ထောင်ပြုတဲ့အဆင့်အထိ ဖြစ်လာကြပါတယ်ဆိုပါတော့ ။

