အင်ဒိုနီးရှားနိုင်ငံရဲ့ နတ်ပူးခြင်းဓလေ့ကို ရိုက်ပြထားတဲ့ဇာတ်ကား… — Movies City 🩵 — TG.ME

Forwarded fromMOMovie City
အင်ဒိုနီးရှားနိုင်ငံရဲ့ နတ်ပူးခြင်းဓလေ့ကို ရိုက်ပြထားတဲ့ဇာတ်ကား

ဇာတ်လမ်းကတော့နတ်ပူးခြင်းဓလေ့ကို ပျော်ရွှင်မှုနဲ့စိတ်ထွက်ပေါက်အဖြစ်အသုံးချတတ်တဲ့ ထူးခြားတဲ့ရွာလေးတစ်ရွာမှာနေထိုင်ပြီး ရွာမှာ အတော်ဆုံးနတ်ဝင်သည်ဖြစ်ဖို့ကြိုးစားနေတဲ့ဘာရူးလို့ခေါ်တဲ့လူငယ်လေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။

သူတို့အထွတ်အမြတ်ထားတဲ့ စမ်းရေထွက်နဲ့ရွာကိုအဆင့်မြင့်အဆောက်အအုံတွေဆောက်ဖို့သိမ်းယူချင်ကြတဲ့ စီးပွားရေးအုပ်စုတစ်ခုကရွာသားတွေရဲ့မြေတွေကိုအဓမ္မဝယ်ယူသိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့ ရွာရဲ့ရိုးရာနတ်ပူးပွဲတော်တွေဟာ ရန်ပုံငွေရှာဖွေတဲ့ပွဲတွေဖြစ်လာခဲ့ပါတယ်။

ဘာရူးတို့အသိုင်းအဝိုင်းရဲ့မြင့်မြတ်တဲ့ရိုးရာနဲ့ရွာကလေးကိုစီးပွားရေးသမားတွေရဲ့လောဘကနေ ကာကွယ်နိုင်ပါ့မလားဆိုတာကိုဘာရူးအပါအဝင် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့စိတ်ဒဏ်ရာတွေ၊ မိသားစုပြဿနာတွေနဲ့ဆက်စပ်တင်ပြထားတာဖြစ်ပါတယ်။



😍ကြည့်ရန်အတွက်Comမှာလင့်ချပေးထားမယ်နော်⬇️⬇️
❤2
September 4, 2026 932 7 2