သိပ်ကို လှပခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း Netflix ကနေ ထုတ်လွှင့်ပေးလိုက်ပါတယ်။ အသက်တွေကြီးလို့ အိုမင်းလာတဲ့အထိ အတူလက်တွဲကြဖို့ ကတိတွေပေးခဲ့ကြပေမဲ့ လူကမကွဲရင် ကံကခွဲတယ်ဆိုသလို ရှင်ကွဲမဟုတ်ရင် သေကွဲနဲ့ တစ်ချိန်ချိန်တော့ ခွဲခွာကြရမှာပဲမလား။
အိန္ဒိယနိုင်ငံ ၂ခြမ်းမကွဲခင်က ငြိတွယ်ခဲ့ဖူးတဲ့ ချစ်သူ ၂ယောက်။ အဲဒီခေတ်မှာ တက်တူးတွေလည်းရှိပုံမရတော့ ဘယ်တော့မှ မပျက်နိုင်တဲ့မင်နဲ့ လက်မှာတောင် ချစ်သူ့နာမည်လေး ရေးထိုးထားသတဲ့။ ဘာသာမတူတဲ့အပြင် နိုင်ငံ ၂ခြမ်းကွဲတဲ့အခါ တစ်ဖက်မိဘက ခါးခါးသီးသီးနဲ့ လက်မခံနိုင်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်သွားခဲ့ကြတယ်။ ချစ်သူ၂ဦးသာ ခိုင်မြဲခဲ့ရင် ဘေးပယောဂဆိုတာ ဝင်တားလို့မရတာမို့ ဒီလိုတွေ့ကြုံတတ်တဲ့ အခက်အခဲ ဆူးလမ်းတွေကို သူတို့ ကျော်ဖြတ်နိုင်ပါ့မလား။ လက်လျှော့ နောက်ဆုတ်သွားကြမလား။
