IMDB: 5.7/10
ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေ
ပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာ
ထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။
အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာ
လမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင်
မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့်
တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။
ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့
ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာ
အန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။
သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာ
သူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။

