လူပေါင်း155ဦးကိုကယ်တင်နိုင်ခဲ့တဲ့ပင်လယ်ထဲလေယာဉ်ပျက်ကျမှု Sul*ly… — Movies City 🩵 — TG.ME

Forwarded fromWAWaddy Movies 2
လူပေါင်း155ဦးကိုကယ်တင်နိုင်ခဲ့တဲ့ပင်လယ်ထဲလေယာဉ်ပျက်ကျမှု

Sul*ly (2016)

၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။
မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။I
အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လား


😍Commentမှာဇာတ်ကားလင့်ပါ


🔽🔽🔽
September 3, 2026 397 1 1