သတ်မှတ်ထားတဲ့ အသံ D_e-c_i-b_e-l နဲ့ သတ်မှတ်ထားတဲ့ အချိန်ကို ကျော်လွန်သွားတာနဲ့ ချက်ခြင်း ပေါက်ကွဲသွားမဲ့ ဗုံးတွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာကို တရားခံကိုယ်တိုင် ဖုန်းဆက်ပြီး အသိပေးခြင်းကိုခံခဲ့ရတဲ့ ဒုဗိုလ်မှူး ဂန်ဒိုယောင်း
အစတုန်းကတော့ မယုံခဲ့ပေမဲ့ တကယ်ပဲ ဗုံးပေါက်ခဲ့တဲ့ အကြောင်းကို သတင်းမှာ ကြားသိလိုက်ရပြီးနောက်မှာတော့ နောက်ထပ်ဖြစ်လာမဲ့ ဖောက်ခွဲမှုတွေကို တားဆီးဖို့ ကြိုးစားရပါတော့တယ်
ဒီတစ်ခေါက် ဗုံးပေါက်ကွဲမှု ဖြစ်လာရတဲ့ အကြောင်းအရင်းက အဲ့ဒီ့ သင်္ဘောနစ်မြုပ်မှုနဲ့ ပတ်သတ်နေတယ် ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့
ဗုံးဖောက်ခွဲမှုတွေကို ကျူးလွန်နေတဲ့ တရားခံက ဘယ်သူလဲ သူကကော သင်္ဘောနစ်မြုပ်မှုနဲ့ ဘယ်လိုပတ်သတ်နေတာလဲ?
ဂန်ဒိုယောင်းကကော သူ့ရဲ့မိသားစုတွေပါ အန္တရာယ်ရှိလာတဲ့ အခြေအနေထဲကနေ ဗုံးပေါက်မှုတွေကို ဘယ်လိုတားဆီးမလဲ?
Ac-ti-onနဲ့ Thr-ill-er အမျိုးအစား ကြိုက်နှစ်သက်တဲ့သူတွေ သဘောတွေ့စေမဲ့ ကားကောင်း တစ်ကောင်းပဲ ဖြစ်ပါတယ်

