P_e-n_n-y L_a-n_e I_s D_e-a_d (2026)
ဒီလိုကြမ်းတဲ့ ကားမျိုးမှ ကြည့်ချင်တဲ့သူတွေအတွက်
သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းကျောင်းအပြီး တက္ကသိုလ်သွားမတက်ခင်ကမ်းခြေအိမ်တစ်ခုမှာ ပါတီပွဲ နွဲကြပါတယ်။ ပန်နီနဲ့တိုနီတို့က ချစ်သူတွေဖြစ်ကြပေမယ့် ခေတ်အခြေအနေအရ ပတ်ဝန်းကျင်ကိုဝန်မခံရသေးပါဘူး။
အဲ့ဒီမှာပဲ ပန်နီနဲ့တစ်သက်လုံးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ညီအစ်မဝမ်းကွဲဖြစ်သူ ကတ်နဲ့ သူ့ရည်းစား မူးယစ်ဆေးအရောင်းအဝယ်သမား အန်းဂတ်စ်တို့ရောက်လာပြီး တရားလွန်စကြနောက်ကြရင်းနဲ့ သူတို့ရဲ့ အပျော်ပါတီပွဲဟာ သွေးသံရဲရဲ လူသတ်ပွဲအဖြစ်ပြောင်းသွားဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းက ရိုးရှင်းပါတယ်။ ဒါပေမယ့် ကြည့်ရတာ အိုင်မနေပဲ ခပ်သွက်သွက်ဆွဲခေါ်သွားတာကြောင့်ရော၊ သရုပ်ဆောင်တွေရဲ့အချိတ်အဆက်မိမှုကြောင့်ရော ဟာသကွက်တွေကြောင့်ရောကြည့်ရတာ အစအဆုံး တောက်လျှောက်ပျော်စရာကောင်းတဲ့ကားပါ။

