◼️ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ မွမ်းမံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
၃၀ ဩဂုတ် ||| နွေဦးအသံ |||
ရှမ်းတောင် - ကရင်နီအစပ် ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတဲ့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(တပ်ရင်း ၂) အမှတ် ၁၀၀၆ တပ်ရင်းရဲ့ အမှတ်စဉ် ၃ မွမ်းမံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၃၀ ရက်၊ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲ့ ဘတ်တံဆိပ်တပ်ဆင်ခြင်း၊ စွမ်းရည်သရုပ်ပြခြင်းနဲ့ စံပြတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုခြင်း နဲ့ တိုက်ခိုက်/ပစ်ခတ်ရေးစွမ်းရည် ထူးချွန်တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီသင်တန်းဟာ ရဲဘော်တွေကို တပ်ဖွဲ့တခုရဲ့ စုစည်းမှု၊ စည်းလုံးမှု၊ ကျစ်လစ်မှု အားအင်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာတတ်စေဖို့အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းပြီးဆုံးသွားတဲ့အလျောက် တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေ တိုးပွားလာခဲ့ကြောင်း အသိပေးထားပါတယ်။
ရှေ့ဆက်မယ့်တော်လှန်ရေးခရီးကြမ်းမှာ တော်လှန်ပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှုအားတွေနဲ့ ကြံ့ကြံ့ခံပြီး အောင်ပွဲတွေဆင်နွှဲသွားနိုင်ဖို့အတွက် အသက်နဲ့ခန္ဓာ၊ ကိုယ်စွမ်းဥာဏ်စွမ်းတွေကို ရင်းနှီးပြီး ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကတိသစ္စာပြုကြောင်း အဆိုပါတပ်က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
16
9
3August 30, 2026 898 1