ယင်းမာပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့လက်ရုံးတပ် - ULF စစ်ကြောင်း: post #565 — TG.ME

တိုက်ပွဲသတင်းထုတ်ပြန်ချက်
(၂၀၂၅)ခုနှစ်၊ မတ်လ၊ (၆)ရက်
========================

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်(ပျူ)ရွာအား ဖေဖော်ဝါရီလ (၁၅)ရက် မနက် (၁၁)နာရီ (၂၃)မိနစ်အချိန်က စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ (၁)နာရီခန့်အကြာတွင် ချောင်းဦးမြို့ပေါ်ထွေအုပ်ရုံး၊ မိုးကောင်းဘုန်းကြီးကျောင်း၊ မြပုလဲ၊ ခင်မွန်ဘက်စုံံမွေးမြူရေး စစ်ကောင်စီအထိုင်စခန်းများမှ တိုက်ပွဲဖြစ်ပွားနေစဉ်
(၁၂၀) မမ လက်နက်ကြီးများဖြင့် (၅၂)ကြိမ် ပစ်ကူပေးခဲ့ကြပါသည်။

ထို့အပြင် မိတ္ထီလာလေတပ် မှ FTC-2000G Jetfighter ဖြင့် ညနေ (၄)နာရီ (၁၂)မိနစ်တွင် လေကြောင်းတိုက်ခိုက်မှု (၅)ကြိမ်ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ညနေ (၆)နာရီ (၁၇)မိနစ်ချိန် မုံရွာမြို့နယ် ညောင်ဖြူပင်စခန်း၊ မုံရွာမြို့နယ်တောပု ပျူစောထီးရွာမှ ပူးအောင်းအင်အား (၂၀၀)ခန့်ရှိသော စစ်ကူစစ်ကြောင်းနှင့် မိမိတို့၏ လမ်းကြောင်းဖြတ်တောက်ရေးတာဝန်ယူထားသော ရဲဘော်များနှင့် (၁၅)မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ကင်မွန်းတော်(ပျူ)ရွာ အရှေ့ဘက်ခြမ်းရှိ ဘန်ကာများ၊ ရွာမြောက်ဘက်ခြမ်းရှိ ဘန်ကာများ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ည (၈)နာရီခန့်တွင် စစ်ကူစစ်ကြောင်း ကင်မွန်းတော်ရွာအနီး ချဉ်းကပ်လာ၍ မိမိတို့ရဲဘော်များ ဆုတ်ခွာပေးခဲ့ကြသည်။

ဖေဖော်ဝါရီလ (၁၆)ရက်ညနေ (၅)နာရီ (၄၂)မိနစ်ချိန်တွင် ချောင်းဦးမြို့တွင်းရောက် မုံရွာနမခ အင်အား (၇၀)ခန့်ဖြင့် အင်အားဖြည့် ရိက္ခာပို့ စစ်ကြောင်းသည် မိမိတို့ အသင့်ထောင်ထားသော မိုင်းထိပြီးအထိနာခဲ့ပါသည်။ ထို့နောက် (၇)နာရီ (၂)မိနစ်ခန့်တွင် ၎င်းစစ်ကြောင်းနှင့် ကျွန်ုပ်တို့ ဖြတ်တောက်ရေး ရဲဘော်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိတွေ့ဖြစ်ပွားချိန်အတွင်း မြပုလဲ စကစ အထိုင်စခန်းမှ (၁၂၀) မမ လက်ကြီး (၂၁)ကြိမ် ပစ်ကူပေးခဲ့ပါသည်။

ထို့နောက် မိတ္ထီလာလေတပ်မှလည်း FTC-2000G Jet fighter ဖြင့် လေကြောင်းပစ်ကူ (၁)ကြိမ် ၊ နမခ မှ paramotor (၂)စီး ဖြင့် လေကြောင်း ပစ်ကူ (၂)ကြိမ် ပြုလုပ်ခဲ့ပါသည်။

ဖေဖော်ဝါရီလ(၁၇)ရက် ညနေ (၄)နာရီ (၃၀)မိနစ်ခန့်တွင် နမခ ၊ ညောင်ဖြူပင် စခန်း၊ တော်ပုပျူရွာမှ ကင်းမွန်တော်ရွာအတွင်းရောက်ရှိခဲ့သော စစ်ကူစစ်ကြောင်းမှ အင်အား အချို့ပြန်လည်ထွက်ခွာလာရာ မိမိတော်ရဲဘော်များနှင့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

၎င်းတိုက်ပွဲတွင် မြပုလဲ စကစ အထိုင်မှ (၁၂၀)မမ လက်နက်​ကြီး (၂၃)ကြိမ်ပစ်ကူပေးခဲ့ပါသည်။ မိတ္ထီလာလေတပ်မှ Jet fighter ဖြင့် ည(၈)နာရီ (၃၁)မိနစ် နှင့် (၃၄)မိနစ်တို့တွင် လေကြောင်းတိုက်ခိုက် (၂)ကြိမ်ပစ်ကူပြုလုပ်ခဲ့ပါသည်။

၎င်းတိုက်ခိုက်မှုများအတွင်း ရန်သူ့ဘက်မှ (၂၃)ဦးခန့်သေဆုံးကာ ကျွန်ုပ်တို့ ULF စစ်ကြောင်းမှ ရဲဘော် (၂)ဦး နှင့်မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်(၂)မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။

၎င်းတိုက်ခိုက်မှုများကို ကျွန်ုပ်တို့ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်း နှင့် ချောင်းဦးမြို့နယ်ပကဖတိုက်ခိုက်ရေးတပ် CHU PDF မဟာမိတ်တပ်များဖြစ်သော ဗျူဟာ ၄၇ ၊ ကျောက်လုံးကြီး (KLG) ၊ B-21 PDF ယင်းမာပင်ခရိုင်တပ်ရင်း ၁၇ ၊ Mobile Team ၊ Budalin Guerrilla force ၊ မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ(၁) (ရွာဇော်ကြီးတပ်ခွဲ) ၊Kanni Three Brothers Force ၊ ရတနာပုံံ ၊ Chindwin Brother ၊ Bandula Defence Force (ဘုတလင်မြို့နယ်) ၊ VENOM Revolution Force (VRF) ၊ မန္တလေးခရိုင် တပ်ရင်း (၅) ၊ မိတ္ထီလာခရိုင်တပ်ရင်း (၃) ၊ မတ္ထီလာ ပကဖ ၊ Special Force 11 ၊ Immortal Guerrilla Force ၊ Silingyi Task Force Drone Team (SSTF Drone Team) ၊ Sagaing District Drone Team (SDDT) ၊ဆားလင်းကြီးမြို့နယ် ပကဖ လက်ရုံးတပ် တို့ တိုက်ခိုက်ခဲ့ပါသည်။

SRC (Spring Revolution Cilinic) မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ်ဌာနေ လေးကြောင်းအထိုင်မှ လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ပါသည်။

#ulfစစ်ကြောင်းယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်
🥰26👍13❤9🫡1
March 6, 2025 8.5K 4