နယူးဒေလီတွင် ကျောင်းသားအဆောင် ပြိုကျ၊ ၆ ဦးသေဆုံး
စက်တင်ဘာ ၇
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျောင်းသားအဆောင်အဖြစ် အသုံးပြုနေသည့် အထပ်မြင့်အဆောက်အအုံတစ်လုံး တနင်္ဂနွေနေ့က ပြိုကျခဲ့ရာ အနည်းဆုံး ၆ ဦးသေဆုံးပြီး ၆ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေလီဝန်ကြီးချုပ် ရေခါဂုပ္ပတာက ပြောကြားသည်။
မြေအောက်ခန်းတစ်ထပ်နှင့် အပေါ်ထပ် ၅ ထပ်ပါ အဆိုပါအဆောက်အအုံတွင် ရေဝင်ရောက်မှုနှင့် ပြင်ဆင်ရေးလုပ်ငန်းများကြောင့် အိုဟောင်းနေသည့် အဆောက်အအုံ ပြိုကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက် ပိတ်မိသူများကို ဆက်လက်ရှာဖွေခဲ့ပြီး ကယ်ဆယ်နိုင်သူများကို ဆေးရုံသို့ ပို့ဆောင်ထားကာ အခြေအနေတည်ငြိမ်ကြောင်း သိရသည်။ အဆောက်အအုံပိုင်ရှင်ကိုလည်း ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သိရသည်။
Ref: The Straits Times
TruthZoneOnline

21
14
3
1
1September 7, 2026 1.2K 2 2