၂၀၂၇ မလေးရှားဆီးဂိမ်းအတွက် ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

၂၀၂၇ မလေးရှားဆီးဂိမ်းအတွက် ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပမည်

စက်တင်ဘာ ၅

၂၀၂၇ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၃၄) ကြိမ်မြောက် SEA Games တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် FEI 1 Endurance Qualification 40km ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအခြေအနေများနှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများကို အဖွဲ့ချုပ်အလုပ်အမှုဆောင်များက စက်တင်ဘာ ၄ ရက်တွင် မြင်းစီးအားကစားကွင်း၌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းထံ ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာမြင်းစီးအားကစားအဖွဲ့အနေဖြင့် အဆိုပါအရည်အချင်းစစ်ပြိုင်ပွဲမှတစ်ဆင့် ၂၀၂၇ မလေးရှားဆီးဂိမ်းတွင် ခရီးရှည်မြင်းစီးအားကစားနည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

TruthZoneOnline
👍18👏17❤4🥰1
September 6, 2026 1.1K 1 1