လားရှိုးမြို့၌ ဖခင်က ကလေးငယ် ၅ ဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား၊ ၂ ဦး… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လားရှိုးမြို့၌ ဖခင်က ကလေးငယ် ၅ ဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား၊ ၂ ဦး သေဆုံး စက်တင်ဘာ ၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အမှတ်(၅)ရပ်ကွက်တွင် စိတ်ဝေဒနာဖောက်ပြန်လေ့ရှိသည့် ဖခင်ဖြစ်သူ အိုက်ကျုံး(ခေါ်) အိုက်ကျွမ်းက ယမန်နေ့ည ၁၀ နာရီခန့်တွင် ကလေးငယ် ၅ ဦးအား အိပ်ခန်းအတွင်း ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ကြောင့် အသက် ၂ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ကျန်ကလေး ၃ ဦးနှင့် မိမိကိုယ်ကို လည်ပင်းလှီး၍ သေကြောင်းကြံစည်ခဲ့သည့် ဖခင်ဖြစ်သူတို့မှာ ဒဏ်ရာများဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည်။ လားရှိုးမြို့မရဲစခန်းက ဖခင်ဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ နှင့် ၃၀၉ တို့ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ၊ မရှိကိုလည်း ဆေးရုံတွင် ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။ TruthZoneOnline

September 4, 2026 832 2