တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ထားဝယ်မြို့ရှိ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး
ထားဝယ်မြို့ရှိ ဈေးများအားကွင်းဆင်းကြည့်ရှု့

စက်တင်ဘာ ၂


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ကမ်းနားဗျံကျဈေးနှင့် ဟင်းရွက်ဗျံကျဈေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းအစိုးရအဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂ရက် နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝန်ကြီးချုပ်က ”ကမ်းနားဈေးဟောင်းအား ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ရန်လိုအပ်ကြောင်း၊ ဈေးတွင်းသန့်ရှင်းမှုကောင်းမွန်စေရန်လိုအပ်ကြောင်း၊အဆင့်မှီဈေးအဖြစ် ရေရှည်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ဈေးများအတွင် ရေစီရေလာကြောင်းမွန်သည့် ရေနှုတ်မြောင်းများအား စနစ်တကျ ဆောင်ရွက်ရန်နှင့် ဈေးသူဈေးသားများ၏ လိုအပ်ချက်များကိုလည်း ဖြည့်စည်းပေးနိုင်ရန် ” မှာကြားခဲ့သည်။

TruthZoneOnline
👍25👏3❤2👌1
September 3, 2026 925 1