စာမရေးနိုင်တာ ၄လ ကျော်ပါပြီ။ 5လကျော်သွားဖို့လည်းရှိပါတယ်။ အိမ်ရဲ့အခြေအနေအရ ကျောင်းပြန်တက်နေရတာပါ။ ဆဲလည်းခံရမှာပါပဲ။ ဘွဲ့ရတာမရတာအသာထား ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်လို့ ညာဘက်တစ်ခြမ်းလုံးစုတ်ပြက်သက်ပြီး အိမ်ပြန်လာရတာမို့ စာစဥ်အသစ်ကြာပါအုံးမယ်။ ကြာပါအုံးမယ်ဆိုတာက ကျနော့်စာစဥ်ယူရေးမယ့်လူမရှိတာကြောင့် ကျနော်ပဲအဆုံးသက်ထိပြန်ရေးမှာမို့ပါ။ ဒဏ်ရာတွေသက်သာရင်တော့ပြန်ရေးဖြစ်မယ်ဗျာ။ အားလုံးကိုလည်းတောင်းပန်ပါတယ်။ တောင်းပန်ရလွန်းလို့လည်းထုံနေကြပြီထင်ပါရဲ့။ စာစဥ်၂၉အထိထွက်ပြီးသားဆိုတော့ ဖတ်လက်စသူတွေဖတ်ရအောင် pdf fileတွေပြန်ရှာပြီး ၂၉အထိတင်ပေးပါမယ်။ ဖတ်ချင်ကြတယ်ဆိုရင်ပေါ့ဗျာ။ ထုံစံအတိုင်း လိမ်ဖယ်လိမ်ဖယ်ပါပဲ။
22
3
1October 1, 2023 8.9K 2 1