ချစ်တယ် စံကားဝါ။
မင်းက
မနက်မနက် မိုးလင်းတိုင်း၊
ကိုယ့်ကို အပြုံးနဲ့နိုးထစေတဲ့
အကြောင်းပြချက်ကလေး။
ဒီကမ္ဘာမှာ တစ်ခါသာရမယ့်
ပြီးပြည့်စုံခြင်းမျိုးကို၊
ကိုယ်က လက်ဆုပ်လက်ကိုင်ရရှိထားတာပါပဲ။
ချည်နှောင်ပေးတဲ့ မေတ္တာကြိုးတွေအတွက်၊
မင်းကို ကျေးဇူးတင်ပါတယ်။
- သစ်ရိပ်ငြိမ်
5
2
1August 31, 2026 124 1