တစ်ချိန်ချိန်ကျရင်ပေါ့
မနက်၃နာရီလောက်ကြီး
ကျွန်တော် နိုးလာပြီး
ပြန်အိပ်မရလို့ ဘေးကိုကြည့်လိုက်တဲ့အခါ
ခင်ဗျားရှိနေမယ်၊
ကျွန်တော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိမ့်မယ်။
အဲဒီအချိန်ကျရင် ကမ္ဘာကြီးဟာ
ထင်သလောက်လည်း အထီးကျန်မဆန်ပါလားလို့
ကျွန်တော်တွေးရင်း ကျေနပ်နေမိမှာပဲ။
တစ်နေ့နေ့ပေါ့...။
- မိုးနေ့
7
3August 5, 2026 507 1