𝖯𝗈𝖾𝗍𝗋𝗒: post #2563 — TG.ME

ပထမဦးဆုံး အနေနဲ့ မင်းရဲ့ မေမေကိုကျေးဇူးတင်တယ်။
ကမ္ဘာလောကထဲ မင်းကိုခေါ်ဆောင်လာပေးခဲ့တဲ့အတွက်လေ။
ပြီးတော့ မင်းကိုကျေးဇူးတင်တယ်။
ကိုယ့်ဆီအရောက်လာပေးခဲ့ပြီး၊ ပြန်ထွက်မသွားခဲ့ခြင်းတွေအတွက်။
ပန်းလေးတစ်ပွင့်ကို ပြုစုရသလိုလေ ၊ မင်း လှလှပပပွင့်လန်းလာတာကို ဂရုတစိုက်ကြည့်နေချင်ပါတယ်။
မင်း ရင့်ကျက်လာဖို့ကိုလည်း ကိုယ်က အဘက်ဘက်ကအထောက်အကူပြုပါ့မယ်။
အသက်တစ်နှစ်ကြီးလာတာကအချိန်တစ်နှစ်ကုန်ဆုံးလာတာပဲဆိုပေမယ့်၊ မင်းရဲ့အိပ်မက်တွေနဲ့ ပိုနီးလာပါတယ်။
တစ်နေ့မှာ မင်းက လူတိုင်းဂုဏ်ယူရတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ရပ်နေမယ်ဆိုတာ ကိုယ်ယုံတယ်။
လိမ္မာပြီး၊ ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမယ်ဆိုတာ
ကိုယ်ယုံတယ်။
အဲ့ဒီအချိန်အထိ
မင်းကိုသိပ်ချစ်တဲ့သူတစ်ယောက်အဖြစ်
ကိုယ်ရှိနေချင်တယ်။
ပိုပြီးတောက်ပလာမယ့် မင်းရဲ့အနာဂတ်ထဲမှာ၊
တစ်စိတ်တစ်ဒေသကရှိနေပေးပါ့မယ်။

မွေးနေ့မှာပျော်ရွှင်ပါစေ..၊ ကိုယ့်ရဲ့စံကားဝါ။

- သစ်ရိပ်ငြိမ်
🍓7❤1
August 3, 2026 494 1