ခက်ခဲစိန်ခေါ်မှုများကြားမှ ပြည်သူ့ထံသို့ - IUSUN ၏ ရေဘေးကူညီရေး လှုပ်ရှားမှု မှတ်တမ်းပုံရိပ်များ မြန်မာနိုင်ငံအထက်ပိုင်း ဒေသအသီးသီးတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်မှုကြောင့် ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ကြားကာလ တက္ကသိုလ်များကျောင်းသားသမဂ္ဂများကွန်ရက် (IUSUN) သည် မြေပြင် အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ ရဲဘော်များနှင့် လက်တွဲကာ အကူအညီ လိုအပ်နေသည့် ရေဘေးသင့် ပြည်သူများထံ တိုက်ရိုက်ရောက်ရှိရေးကို အရေးပေါ် ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။ ယခု မှတ်တမ်းသည် ရေဘေးသင့်ဒေသများရှိ စစ်ဘေးနှင့် ရေဘေး ထပ်ဆင့်ကြုံတွေ့နေရသည့် အိမ်ထောင်စုများထံသို့ အရေးပေါ် စားနပ်ရိက္ခာများ၊ အခြေခံ ဆေးဝါးများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများကို မြေပြင်အထိ ကိုယ်တိုင်တိုက်ရိုက် သွားရောက် ဖြန့်ဝေပေးခဲ့သည့် “ဝိုင်းဝန်းကူထောက် ရိက္ခာခြောက်” ရေဘေး ကူညီထောက်ပံ့ရေး လှုပ်ရှားမှုများကို တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
Technological-Related Interim University Students' Union: post #67 — TG.ME
September 2, 2026 29