TU Network ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ လစဉ်တွေ့ဆုံပွဲကို 31/08/2026တွင် နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (TUNSU)မှ ဦးဆောင်ကျင်းပခဲ့ပြီး ပညာရေးနှင့် သင်ကြားရေးဆိုင်ရာ အခြေအနေများကို TU Networkရှိ အထူးပြုဘာသာရပ်အသီးသီး၊ စာသင်နှစ်အသီးသီးမှ ကျောင်းသား/သူများနှင့် ဆရာ/မများ ပွင့်လင်းမြင်သာစွာ မေးမြန်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ နယ်မြေအခြေအနေ၊ ရာသီဥတု၊ အင်တာနက်နှင့်နည်းပညာ စသောအခက်အခဲများကြားမှ တက်ရောက်ပေးခဲ့ကြပါသော ဆရာ,ဆရာမ ကျောင်းသား,ကျောင်းသူ တဦးတယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်အပ်ပါသည်။ TU Network၏ အခြေအနေများ နောင်အစီအစဥ်များနှင့် ကျောင်းသား/သူများ၏ စိတ်ပါဝင်စားစွာမေးမြန်းမှုများမှ တဆင့် ကျွန်ုပ်တို့နည်းပညာကဏ္ဍမှ ပညာရေးအပေါ် တန်ဖိုးထားကာ ဆက်လက်ကြိုးပမ်းနေကြစဲဖြစ်ကြောင်း သိရှိရကာ အလွန်ပင် အားတက်ဝမ်းမြောက်မိပါသည်။ နောင်ကာလများတွင် ထပ်မံကျင်းပမည့် လစဥ်တွေ့ဆုံပွဲများ အခြေအနေအရပ်ရပ်အပေါ် မူတည်၍ ကျင်းပသော တွေ့ဆုံဆွေးနွေးပွဲများတွင်လည်း ယနေ့ကဲ့သို့ အားတက်သရော တက်ရောက်ကာ ပါဝင်ဆွေးနွေးကြပါရန် ကျွန်ုပ်တို့TUNSUမှ လေးစားစွာဖိတ်ခေါ်, နွေးထွေးစွာကြိုဆိုအပ်ပါသည်ခင်ဗျာ။ စာကြွင်း။ ။TUNSU၏ Official Telegram channel ( https://t.me/TU_Network_SU )နှင့် Official Facebook Page ( https://www.facebook.com/profile.php?id=61589946000337 ) မှသတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်ပေးမည် ဖြစ်ပါသဖြင့် Followထားကြပါရန် ထပ်လောင်း တိုက်တွန်းအပ်ပါသည်ခင်ဗျာ။ -နည်းပညာနှင့်နှီးနွှယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ, TUNSU - [email protected]
TU Network ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏… — Technological-Related Interim University Students' Union — TG.ME
August 31, 2026 76 1