Teaching and learning support channel ACFS: post #464 — TG.ME

"ကောင်းမွန်သော ဆရာ့အတတ်ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန် ထပ်ဆင့်မျှဝေပေးအပ်ပါသည်"

🎯 သင်ကြားရေးဆိုင်ရာ အွန်လိုင်းသင်တန်းအသစ် မိတ်ဆက် -"သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း"

📣 ဆရာ၊ ဆရာမများ အားလုံး မင်္ဂလာပါ။ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းအသစ်တစ်ခုဖြစ်တဲ့ "သင်ယူမှုအထောက်အထားမှတ်တမ်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်း" သင်တန်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
🌟 သင်ယူမှုအထောက်အထားမှတ်တမ်းများ (portfolios) ဟာ ကျောင်းသားများရဲ့ သင်ယူမှုနဲ့ ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုကို မည်သို့ ပံ့ပိုးပေးကြောင်း၊ ထိရောက်တဲ့ စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းတစ်ခုအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်းကို ကျွန်ုပ်တို့နဲ့ အတူတကွ လေ့လာကြည့်ကြရအောင်။ဒီသင်တန်းမှာ သင်တို့ရဲ့ တိုးတက်မှုကို ပြန်လည်သုံးသပ်နိုင်ဖို့နဲ့ အကဲဖြတ်နိုင်ဖို့၊ အဓိပ္ပာယ်ပြည့်ဝပြီး ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်နိုင်ဖို့အတွက် portfolios များကို ဖန်တီးရေးဆွဲခြင်းနှင့် အသုံးပြုခြင်းတို့ကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။
🔭 သင်တန်း မော်ဂျူးများ
• သင်ယူမှုအထောက်အထားမှတ်တမ်း (portfolio) ဖြင့် စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်ခြင်း
• သင်ကြားရေး အတတ်ပညာ အထောက်အထားမှတ်တမ်း (professional portfolio)
✍️ ကျောင်းသားများ၏ တိုးတက်အောင်မြင်မှုများနှင့် သင်၏ အတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ‌ဖော်ပြပေးသည့် portfolios များကို ထိထိရောက်ရောက် ဖန်တီး၊ စစ်ဆေးအကဲဖြတ်နိုင်သည့် နည်းလမ်းများကို လေ့လာရန် ယနေ့ပဲ စာရင်းပေးသွင်းလိုက်ပါ။
မြန်မာဘာသာ - https://www.bit.ly/40IahqF
အင်္ဂလိပ်ဘာသာ - https://www.bit.ly/3YQTBdX
** အထူးအစီအစဉ်**အနေနဲ့ ဒီသင်တန်းကို ပထမဆုံး တက်ရောက်ပြီးစီးတဲ့ ဆရာ၊ ဆရာမ အယောက် (၃၀) အတွက် ဖုန်းငွေဖြည့်ကတ်များကို မေတ္တာလက်ဆောင်အဖြစ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို [email protected] သို့ ပေးပို့ပြီး ပါဝင်နိုင်ပါတယ်။ 🗳️
Myanmar Teacher Platform (MTP) မှ သင်ရိုးညွှန်းတမ်းနှင့် သင်နည်းဗေဒ (C&P) သင်တန်းများ တက်ရောက်ပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်ကို နှိပ်ပါ။
https://www.facebook.com/UNESCOMyanmar/videos/1412504626087677/

💿 ယခုသင်တန်းဆိုင်ရာ ဗီဒီယိုတိုများကို 'Myanmar Teacher Platform' YouTube ချန်နယ်တွင် ကြည့်ရှုနိုင်ပါတယ်။
မြန်မာဘာသာ - https://youtu.be/BENpXNOVJNs
အင်္ဂလိပ်ဘာသာ - https://youtu.be/rkqT1yfbvGI
🔑သင်ယူမှုခရီးလမ်းများကို စောင့်ကြည့်လေ့လာနိုင်ပြီး ကျောင်းသားနှင့် ဆရာ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများနှင့်အတူ မြှင့်တင်ပေးနိုင်သော ပြန်လည်သုံးသပ်မှုများ ပြုလုပ်နိုင်သည့် portfolios များကို စတင် ဖန်တီးလိုက်ကြပါစို့။
Crd
❤74👍14❤‍🔥3
November 25, 2024 15.7K 28