ဇာတ်လမ်းလေးရဲ့အစကတော့ မြို့မှာမိဘနှစ်ပါးက ဒေဝါလီခံခဲ့ရတာကြောင့် ကမ်းစပ်နယ်မြို့လေးကိုပြောင်းရွှေ့လာခဲ့တဲ့ တည်ငြိမ်အေးဆေးတဲ့ "သုန်ရိပ်ဟန်သာ" ဆိုတဲ့ ကောင်လေးနဲ့ သူ့ကိုအမြဲလိုလိုနှောင့်ယှက်ကာ "ထော်ထော်လေး" လိုက်စတတ်တဲ့ "သျှင်ဘုန်းဧက" ဆိုတဲ့လူဆိုးလေးတို့ တဖြည်းဖြည်းနဲ့ဘယ်လိုမျိုးခင်သွားကြမလဲ ဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပါ။ ဇာတ်လမ်းက လုံးဝကို ချိုချိုအေးအေးလေးပါပဲရှင်💞 ဒါပေမဲ့ တစ်နေ့မှာသူတို့ရဲ့ သာယာရေးနေတဲ့ဘဝလေးဟာ ပျက်စီးသွား သျှင်ဘုန်းဧကလေးကလည်း ပျောက်ဆုံးသွားပါတော့တယ်။ ဧကလေးကို ပြန်တွေ့ပါ့မလား။ ပြန်တွေ့ရင်ရော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါရှင့်။ ချိုချိုအေးအေးဇာတ်လမ်းလေးဖြစ်တဲ့အပြင် og လေးပါရှင့်💓 Link- https://www.wattpad.com/story/415074051
Wattpad3652 days, still youOC BL
5August 23, 2026 350 1