ဇာတ်လမ်းအစမှာတင် ဖြူစင်ပြီး ကွန်ဖူးပညာထူးချွန်တဲ့ လူငယ်လေး ဂွမ်ဆမ် (Aaron Kwok) ဟာ သူ့ရဲ့ဇာတိမြေကနေ မြို့ကြီးပြကြီးဆီကို အလုပ်အကိုင်ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။ မြို့ပေါ်ကိုရောက်တဲ့အခါ သူ့ရဲ့ဆရာရင်းဖြစ်သူရဲ့ မိတ်ဆွေဟောင်း ပေါင် (Ti Lung) နဲ့ ဆုံတွေ့ပြီး သူတို့ရဲ့ စားသောက်ဆိုင်လေးမှာ ဝင်ရောက်လုပ်ကိုင်ရင်း ရိုးသားစွာ ဘဝကို ရုန်းကန်ဖို့
ကြိုးစားပါတယ်။ဒါပေမဲ့ မြို့ပေါ်က မသမာတဲ့ မြေယာပိုင်ရှင်တွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အာဏာပါဝါသုံးပြီး လူထုကို ဖိနှိပ်နေသူတွေရဲ့ ကြားထဲမှာ ဖြူစင်တဲ့ ဂွမ်ဆမ်တစ်ယောက် လူယုတ်မာတွေရဲ့ လှည့်စားအသုံးချခြင်းကို ခံရပါတော့တယ်။ ရိုးသားမှုနဲ့ အားာနာမောက်မာမှု
တို့ ထိပ်တိုက်တွေ့တဲ့အခါ ဂွမ်ဆမ်တစ်ယောက် မတရားမှုတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ သူတို့ရဲ့ ဘဝတွေ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ခံစားချက်ပြင်းပြတဲ့ အက်ရှင်ဒရာမာ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
The Bare-Footed Kid 1993
Channel လေးတွေ အရင် Join ပေးပါနော်
https://t.me/addlist/QywZs-GaaIo3NjVl
ဇာတ်ကားကြည့်ရန်လင့်
https://t.me/AllDramaWo1/8515

August 30, 2026 1.6K 2