WAVEYS တို့ မင်္ဂလာပါ။ R.O.F Familyကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက်အနေနဲ့ ကိုယ်တို့ဘက်ကနေ R.O.Fနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ ဆန္ဒရှိကြတဲ့ WAVEYSတို့အတွက် အခွင့်အရေးတစ်ခု လက်ကမ်းလိုက်ပြီးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ အခုတစ်ခေါက် ခေါ်ယူသွားမယ့် position တွေကတော့ စုံစုံလင်လင်ပါပဲ။ Voice actor/tress, Editor & Writer လစ်လပ်နေဆဲ ဒီနေရာတွေအတွက် ခေါ်ယူသွားမှာဖြစ်ပါတယ်။ Voice actor - 4ဦး အသံသရုပ်ဆောင်(ကျား) Voice actress - 4ဦး အသံသရုပ်ဆောင်(မ) Editor - ၂ဦး Writer - 3ဦး ကို ခေါ်ယူသွားမှာပါ။ လျှောက်ထားရမဲ့ position များအတွက် အနည်းငယ်ရှင်းပြချင်ပါတယ်။ VAကို လာရောက်လျှောက်ထားကြမယ့် သူများအနေနဲ့ အတွေ့အကြုံမရှိသူဖြစ်ရင်တောင် ကိစ္စမရှိပါဘူး။ ဝါသနာပါရာကို အားတက်မာန်ရှိစွာနဲ့ ပါ၀င်ကြိုးစားပေးဖို့ စိတ်က အဓိကပါ။ လျှောက်ထားဖို့ အက်မင်တွေဆီကို လာရောက်ကြချိန်မှာ WAVEYSတို့ဘက်က စာသားတစ်ခုခု ကြိုပြင်ဆင်လာတာမျိုးဖြစ်ဖြစ် လုပ်ထားဖို့လိုပါတယ်။ အကယ်၍ ပြင်ဆင်ဖို့အခက်အခဲရှိရင်လည်း ကိုယ်တို့ဘက်ကနေ အသင့်ပြင်ပေးထားတဲ့ ဒိုင်ယာလော့လေးအချို့ရှိတာမို့ စိတ်မပူပါနဲ့။ Editorများအနေနဲ့လည်း လာရောက်လျှောက်ထားဖို့ စဉ်းစားထားတယ် editပိုင်းတော့ ငါဘယ်လိုစီစဉ်ရပါ့မလဲဆိုပြီး စဉ်းစားနေတာရှိရင် စိတ်မပူပါနဲ့။ editing appအချို့ကို အခြေခံလောက်သုံးတက်ရင် အဆင်ပြေပါတယ်။ လာရောက်လျှောက်ကြမဲ့ editorများအနေနဲ့လည်း ဖြစ်နိုင်ရင် edit တစ်ပုဒ်ကို ကြိုတင်ပြင်ဆင်ထားရင် အဆင်ပြေမှာပါ။ Writerများအနေနဲ့က လာရောက်လျှောက်ထားချိန်မှာ မိမိ ဉာဏ်စွမ်းရှိသမျှ ဇာတ်လမ်းတိုတစ်ပုဒ် Admin တွေထံရေးပို့ပေးရမှာဖြစ်ပါတယ်။ အခက်အခဲကြီး"မား"ရှိနေတာလို့ မတွေးမှတ်ကြဘဲ ဝါသနာပါရာကို အဆုံးထိအကောင်အထည်ဖော်နိုင်ဖို့ R.O.F Familyနဲ့လက်တွဲလိုက်ပါ။ BOY & GIRL VAများ လျှောက်ထားရန် - @Vjvmk @narasarea90s Editor များလျှောက်ထားရန် - @narasarea90s Writer များ လျှောက်ထားရန် - @Vjvmk #𝗥𝗢𝗙
WAVEYS တို့ မင်္ဂလာပါ။ R.O.F Familyကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။… — 𝗥.𝗢.𝗙 𝗔𝗨𝗗𝗜𝗢 𝗖𝗛𝗔𝗡𝗡𝗘𝗟🌊 — TG.ME
August 12, 2025 367 1