𝙍𝙚𝙣𝙅𝙞𝙖𝙇𝙪𝙣任嘉伦Myanmar Fan: post #59278 — TG.ME

Huanrui Century ကုမ္ပဏီက ၂၀၂၆ ခုနှစ် နှစ်ဝက်ဘဏ္ဍာရေးအစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး မင်းသား Ren Jialun (任嘉伦) နဲ့ မင်းသမီး Wang Herun (王鹤润) တို့ရဲ့ 《佳偶天成》 (Perfect Match)၊ ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုပြောကြားခဲ့သလို ရှေ့ဆက်ရိုက်ကူးမယ့် စီမံကိန်းများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ #佳偶天成回款2.51亿# (佳偶天成 ဇာတ်လမ်းတွဲမှ ဝင်ငွေ ယွမ် ၂.၅၁ ဘီလီယံ ပြန်လည်ရရှိ)
"《佳偶天成》 ဇာတ်လမ်းတွဲသည် ပြသချိန်အတွင်း Platform နှစ်ခုလုံး၏ ကြည့်ရှုမှုအများဆုံး စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး၊ ကွန်ရက်တစ်ခုလုံးတွင် ရေပန်းစားTopic ပေါင်း ၄၀၀ ကျော်နှင့် ကြည့်ရှုမှုအကြိမ်ရေ သန်း ၆၀၀ ကျော် ရရှိခဲ့သည်။ ထို့အပြင် နတ်ဒေဝါကျင့်စဉ်ထက် 'လူသားဆန်မှုနှင့် လူ့သဘောသဘာဝ' ကို အဓိကဇာတ်အိမ်တည်၍ ဇာတ်ကောင်များ၏ ကြီးပြင်းရင့်ကျက်မှုနှင့် သံယောဇဉ်မေတ္တာကို ပုံဖော်ရိုက်ကူးထားသဖြင့် ရုပ်ရှင်/ဗီဒီယိုနယ်ပယ်နှင့် ပရိသတ်များထံမှ ကောင်းမွန်သော တုံ့ပြန်မှုများကို ရရှိခဲ့သည်။"
❤4
August 28, 2026 42