𝗣𝗥𝗢𝗝𝗘𝗖𝗧 𝟐𝗬: post #238 — TG.ME

အားလုံးဘဲ မဂ်လာပါ။ဒီနေ့မှာတော့Facebook Pageမှာတင်ပေးမယ့် "အခမဲ့" ဇတ်လမ်းဝတ္ထုစာအုပ်ကိုပြောပြပေးချင်ပါတယ်။ စာအုပ်က The Fate Of A Man By Mikhail Sholokhov ဘဲဖြစ်ပါတယ်။အရင်တုန်းကအပိုင်းတွေ တင်ပေးထားပေးမယ့်မအားတာကြောင့် ဆက်မဖြစ်ပေမယ့်အခုဆက်တင်ပေးပါ့မယ်။အရင်အပိုင်းတွေကို Facebook Page မှာပြန်လည်ရှာဖွေဖတ်ရှု ဖတ်လို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုမရှင်းပြခင်မှာ စာအုပ်အကြောင်းနဲ့ရေးသားသူ‌အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ ဒီစာအုပ်မှာကိုစာပေနိုဘယ်ဆုရှင်ဖြစ်တဲ့ ဆရာကြီးရှိုလိုကောဖ့်ရေးသားခဲ့ပြီးဆရာကြီးက Tales From Don,Virgon Soil Upturned စတဲ့နာမည်ကြီးစာအုပ်တွေကိုရေးသားခဲ့သူဖြစ်ပါတယ်။အခု The Fate Of A Manဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ်ပြသခဲ့ရာ အပြည်အပြည်ဆိုင်ရာရုပ်ရှင်ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့စာရေးသူက ခရီးသွားရင်းရုတ်တရက်သွားရအခက်အခဲဖြစ်သွားတာကြောင့် လမ်းမှာလယ်သမားတစ်ဦးနဲ့တွေ့ကြုံခဲ့ရာမှစကားစမြည်ပြောရင်း လယ်သမားကဒုတိယကမ္ဘာစစ်မှာစစ်သားဖြစ်ခဲ့ကြောင်းပြောပြရင်း မထင်ရတဲ့ဘဝအလှည့်အပြောင်းတွေနဲ့ကြုံတွေ့ရပုံ၊သုံ့ပန်းအဖြစ်အဖမ်းခံရပုံ၊လွတ်မြောက်လာပုံကို ရေးသားထားတာဖြစ်ပါတယ်။ဘဝဆိုတာမျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်ပုံကိုရည်ညွှန်းထားတာဖြစ်ပါတယ်။ ဖတ်ရှုလိုပါက @P2YCEO2

April 9, 2025 667 2