People's Spring: post #111611 — TG.ME

“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ပလက်၀မြို့နယ်ကို စစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊ ၁၇ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၂၄ ရက် နေ့လယ် ၁၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင် ၅၀၀အပါအ၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။ သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။

◾️ဖားကန့်မှာ စစ်အုပ်စုက အရပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မြေမြုပ်ထားတဲ့နေရာ ရှာတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဝါရာဇွပ် ပြည်သူ့စစ်၊ ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖားကန့်မြို့ မှော်ဝမ်းလေး ကျေးရွာမှာ ဒီနေ့ သြဂုတ်၂၄ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မှော်ဝမ်းလေးကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဇွန်လဆန်းမှာ စစ်တပ်နဲ့ ဝါရာဇွပ်ပြည်သူ့စစ်၊ ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တွေဝင်ရောက်လာပြီး တပ်စွဲထားတာဖြစ်ပါတယ်။ လက်ရှိ ဩဂုတ်လလယ်မှာ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်ဖို့ဆိုပြီး ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေ ရှင်းလင်း‌ ရေးစတင်လုပ်ဆောင်ခဲ့ပါတယ်။

◾️ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လုပ်ရပ် လူမဆန်ဘူးလို့ KIA တာဝန်ရှိသူပြော

အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဩဂုတ် ဒုတိယပတ်က ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကို စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ လူမဆန်တဲ့ လုပ်ရပ်လို့ပဲ ပြောရမှာဖြစ်ပြီး အပြစ်မရှိတဲ့ ပြည်သူလူထုတွေကို သတ်ပြီးမှ အလောင်းမပေးဘူးဆိုတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပြည်သူကို ချစ်တဲ့၊ နိုင်ငံတော်ကို ကာကွယ်တဲ့ အကျင့်စာရိတ္တတွေတော့ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

◾️စစ်တပ်လွှတ်တော်ဥက္ကဌရဲ့တူ ဌာနမှူးဦးဆောင်တဲ့ လာဘ်စားမှု ဆိုးရွားနေ

ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စစ်တပ်လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးရဲ့ တူတော်စပ်သူ ဌာနမှူး မင်းသူအောင်ဦးဆောင်ပြီး လာဘ်စားနေမှုဟာ ဆိုးရွားနေတယ်လို့ ငွေတောင်းခံရသူတချို့က ပြောပါတယ်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးဌာနမှူး မင်းသူအောင်က စာချုပ်စာတမ်းတွေစစ်ဆေးပါက လက်အောက်ဝန်ထမ်းကတဆင့် ငွေကြေးတောင်းခံနေတယ်လို့ ကိုယ်တိုင်ငွေပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။ ပိုက်ဆံကို စာအိတ်နဲ့ ထည့်ပေးရပြီး ပိုက်ဆံနည်းရင် စာချုပ်တွေမှာ အချက်အလက်မပြည့်စုံသေးကြောင်းအပြစ်ရှာကာ ကြန့်ကြာအောင် ပြုလုပ်နေတယ်လို့ သူက ဆိုပါတယ်။ မင်းသူအောင်က သူ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ငွေကြေးအမြောက်အမြားလက်ခံရယူနေတာလို့ ငွေတောင်းခံရသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် သူဟာ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးတူအရင်းဖြစ်တာကြောင့် သူ့လုပ်ရပ်တွေကိုမကျေနပ်ရင် ကြိုက်တဲ့လူ၊ ကြိုက်တဲ့နေရာတိုင်လို့ရကြောင်း၊ ဂရုမစိုက်ကြောင်း ပြောတတ်တယ်လို့ ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းသူအောင် ဦးဆောင်ပြီး လာဘ်စားမှုတွေအကြောင်းကို ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန၊ရုံးချုပ်ကို တိုင်ကြားထားပေမယ့် အကြောင်းမထူးသေးဘူးလို့ သိရပါတယ်။

◾️မြိုင်မြို့နယ် ရေနံမြေအနီး တိုက်ပွဲပြင်းထန်နေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ အင်အား ၅၀၀ ခန့်နဲ့ သုံးလ၀န်းကျင်ကြာထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တားဆီးပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းကနေ ပစ်ကူအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။ မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးကျေးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။

◾️အင်အားဖြည့်လာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ် ဒရုန်းနဲ့ တိုက်ခိုက်
🔥6❤4🖕1
August 24, 2026 567