အလုပ်က ပြန်လာတဲ့ ညနေခင်း အချိန်တွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ?… — Let's Grow Together with Olive✨✨ — TG.ME

📍အလုပ်က ပြန်လာတဲ့ ညနေခင်း အချိန်တွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ? 📚🌙

အလုပ်က ပြန်လာလို့ ပင်ပန်းပေမယ့်
တစ်နေ့နေ့ ကိုယ် ဝါသနာပါတဲ့ အလုပ်တစ်ခုမှာ ဝင်တာ (သို့) အလုပ်တစ်ခု စချင်တဲ့သူတွေ များပါတယ်။

📝Olive ဆီမှာ Coaching လာယူရင်လည်း အလုပ်ဝင်ပြီးနောက် ကိုယ်ပိုင်အချိန်ပျောက်တယ်၊ လမ်းပျောက်နေတယ်ဆိုတဲ့ သူတွေ များလေ့ရှိပါတယ်။

💫🌙ဒါဆိုရင် ညနေခင်းကို ဘယ်လို အချိန်ကုန်ဆုံးမလဲ?

1️⃣အားကစားလုပ်ပါ သို့ စာဖတ်ပါ။ ဒါနဲ့ ပတ်သက်ရင်တော့ ဘာကြောင့် လုပ်သင့်တာလဲ Olive ဒီ Video မှာ ရှင်းပြထားပါတယ်- https://youtu.be/jpby26ZYSx0?si=CbGrz_kB_Pmujjlz
2️⃣ကျေးဇူးတင်ကြောင်း ပြောပါ။ ဒီတစ်နေ့တာအတွက် ကြုံခဲ့ရတဲ့ အရာတွေထဲက တစ်ခုကို ကျေးဇူးတင်ကြောင်း ပြောပေးရပါမယ်။ (တိကျလေ ကောင်းလေပါပဲ)
3️⃣ကိုယ် ပျော်တဲ့ အရာတစ်ခုလုပ်ပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို မဖြစ်မနေ မို့လို့သာ ဝင်ရသူအနေနဲ့ ညဘက် ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတစ်ခု လုပ်ပေးသင့်ပါတယ်။
4️⃣မအိပ်ခင် နာရီဝက် အလိုတည်းက မီးပိတ်ပေးပါ။ အိပ်ခါနီး အလင်းရောင် စူးစူးတွေကြောင့် မျက်လုံးကြောင်ပြီး အိပ်မပျော်တာ မဖြစ်အောင် နာရီဝက် အလိုတည်းက အိပ်တဲ့ မီးရောင်လေး ပြောင်းထားသင့်ပါတယ်။

တခြား ဒီထက် ပိုလုပ်သင့်တဲ့ နည်းလမ်းတွေကို သိချင်တယ်ဆိုရင်တော့ ဒီ Video မှာ ကြည့်နိုင်ပါတယ်- https://youtu.be/jpby26ZYSx0?si=CbGrz_kB_Pmujjlz

#EveningTime #Evening #Work #OliveVlog
YouTube
အလုပ်ပြီးတဲ့ ညနေခင်းအချိန်တွေကို အလဟဿ မဖြစ်စေဖို့ ဒီ ၂ ခုကို လုပ်ကြည့်ပါ
အလုပ်ပြီးတာနဲ့ ပင်ပန်းလို့ ဖုန်းကြည့်ရင်း၊ အနားယူရင်းနဲ့ ညနေခင်းအချိန်တွေ ကုန်သွားတတ်လား? အလုပ်ဝင်နေသူတွေရော အလုပ်ရှာနေသူတွေအတွက်ပါ ကိုယ့်ဘဝတိုးတက်ဖို့ ညနေခင်းအချိန်တွေကို ဘယ်လိုအသုံးချမလဲဆိုတာ ဒီဗီဒီယိုမှာ မျှဝေပေးထားပါတယ်။ အလုပ်ပြီးတဲ့နောက် “ငါ့အတွက် ငါ…
❤37🎉5🥰1
August 26, 2026 2.4K 1 6