King and the Clown (2005) ************************ IMDb Rating (7.3)… — NeedRelax Movie Review — TG.ME

King and the Clown (2005)

************************

IMDb Rating (7.3)

မင်းသား Lee Joon-Gi ရဲ့ မိန်းကလေးတောင် အရှုံးပေးရလောက်တဲ့ ရင်သပ်ရှုမောဖွယ် အလှအပတွေနဲ့အတူ ပြသစဉ်က ဆုကြီး ၁၆ ဆုနဲ့ ရုံဝင်သူ 12.3 သန်းကျော်အထိပါ ရောက်ရှိခဲ့တဲ့ နာမည်ကြီး နန်းတွင်းကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

တခြားသော Main Cast တွေအနေနဲ့ မင်းသားကြီး Gam Woo-Sung, Jung Jin-Young နဲ့ မင်းသမီး Kang Sung-Yeon တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်

- ဇာတ်လမ်းအကျဉ်း -

ဂျန်စိမ်း (Gam Woo-Sung) နဲ့ ဂုံဂီ (Lee Joon-Gi) တို့ဟာ လမ်းဘေးမှာ ကပြဖျော်ဖြေရခြင်းကို အလွန်အမင်း ခုံမင်ဝါသနာပါကြတဲ့ လူပြက်တွေပါ။ ဒါပေမဲ့ အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကြောင့် မူလကျေးလက်ရွာလေးကို စွန့်ခွာပြီး မြို့တော် ဟန်ယန်းဆီကို ဦးတည် ထွက်ခွာလာခဲ့ကြပါတယ်။

ဟန်ယန်းကို ရောက်လာပြီးနောက် ဘုရင် ယွန်းဆန်းဂွန်း (Jung Jin-Young ) နဲ့ ကိုယ်လုပ်တော် နို့ဆူ (Kang Sung-Yeon) တို့ရဲ့အကြောင်းကို လှောင်ပြောင်သရော်တဲ့ ကပြဖျော်ဖြေပွဲတွေနဲ့ နာမည်ကြီးလာခဲ့ပေမဲ့လည်း တစ်နေ့မှာတော့ ဂျန်စိမ်းတို့တစ်ဖွဲ့လုံး ဘုရင်ကို စော်ကားတယ်ဆိုတဲ့ အပြစ်နဲ့ ဖမ်းဆီးခံလိုက်ရပါတော့တယ်။

အဲဒီလိုနဲ့ စစ်ဆေးမေးမြန်းခံနေရစဉ်မှာပဲ ဂျန်စိမ်းက ဘုရင်ကိုယ်တိုင်ပါ ရယ်မောလာအောင် ကပြဖျော်ဖြေနိုင်ပါတယ်လို့ ရဲရဲဝံ့ဝံ့ ကြုံးဝါးလိုက်ပြီး တကယ်လည်း ဘုရင့်ရှေ့တော်မှောက်မှာ ကပြဖျော်ဖြေရဖို့ ဖြစ်လာတဲ့အခါမှာတော့...

အင်မတန်မှ ရက်စက်ကြမ်းကြုတ်လှပါတယ်ဆိုတဲ့ မင်းဆိုးမင်းညစ် ယွန်းဆန်းဂွန်းက ဂျန်စိမ်းတို့ လူပြက်အဖွဲ့ရဲ့ ကပြဖျော်ဖြေပုံကို ကြည့်ပြီး ရယ်မောပါ့မလား....

နန်းတော်တွင်းက မနာလိုဝန်တိုမှုတွေ၊ အာဏာလွန်ဆွဲမှုတွေကြားမှာ ဘယ်လို ရှုပ်ထွေးမှုတွေ ဖြစ်လာဦးမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ဆက်လက် ခံစားကြည့်ရှုပေးကြပါဦးရှင်။
July 26, 2026 81