N4 Grammar Revision + Speaking
【 ပုံမှန်အရင်က သင်ခဲ့တဲ့အတန်းတွေနဲ့မတူတဲ့အချက်ကတော့ ဒီအတန်းလေးက တစ်ပတ် ၃ ရက်သင်ပြီး ၃ လပြတ်အတန်းလေးပါ။ အရင်ကသင်ခဲ့တဲ့အတန်းလေးတွေတိုင်းက တစ်ပတ် ၂ ရက်သင်ပြီး ၄ လအပြတ်အတန်းတွေပါ။ Course ကတော့အတူတူပါပဲ။ 】
Level - N4 & above
Textbook - みんなの日本語初級Ⅱ
(Minna no Nihongo N4 Grammar Revision)
Starting Date - 24.8.2026
Monday - 10:00 am to 12:00 noon MMT
Wednesday - 10:00 am to 12:00 noon MMT
Friday - 10:00 am to 12:00 noon MMT
Via - 𝐙𝐨𝐨𝐦 (Zoom နဲ့သင်မှာပါ)
Course fee - 65,000 (သုံးလအပြတ်)
Duration - 3 months
◆ ဘယ်လိုလူတွေ Join သင့်လဲ?
ဒီအတန်းလေးက N4 Level သင်ရိုးစာအုပ်ပိုင်းတွေကို တစ်၀က်ကျော်လောက်အထိလေ့လာထားပြီးသားဆို Join လို့ရပါတယ်။ Kaiwa အတန်းဖြစ်တဲ့အတွက် Level နဲ့တော့သိပ်မဆိုင်ပါဘူး။ Kaiwa ပိုင်းကိုအခုမှစလေ့ကျင့်မယ်၊ စကားပြောတဲ့အတွေ့အကြုံသိပ်မရှိသေးဘူး၊ စကားပြောချင်ပေမယ့် လေ့လာထားပြီးသားတွေကိုတောင် တော်ရုံပြောမထွက်ဘူး၊ တစ်ဖက်သူပြောတဲ့စကားတွေကို သိပ် catch မဖြစ်သေးဘူး ... စတဲ့ကျောင်းသားတွေအတွက်သင့်လျော်ပါတယ်။
◆ သင်ကြားမည့်ပုံစံ ↓↓
Watashi သင်တဲ့ အတန်းတိုင်းမှာ Textbook ပိုင်းနဲ့ General Speaking ပိုင်းဆိုပြီးနှစ်မျိူးခွဲထားပါတယ်။
◆ TEXTBOOK (Grammar Revision) ပိုင်း
Textbook - みんなの日本語初級Ⅱ
(Minna no Nihongo N4)
会話 ပိုင်းကိုအခုမှစ လေ့ကျင့်တဲ့သူတွေမို့ အခြေခံ Grammar တွေ၊ စကားလုံးအသုံးအနှုန်းတွေကိုပိုင်နိုင်နေဖို့လိုပါတယ်။ N4 Level ဖတ်စာအုပ်ထဲက Grammar တွေကိုလက်တွေမှာ ပိုင်ပိုင်နိုင်နိုင်ထည့်အသုံးချနိုင်ရင်ကို သီးသန့်သင်တန်းတွေထပ်မတက်ရင်တောင် စကားပြောကတော်တော်လေးအဆင်ပြေပြီး တစ်ဖက်လူနဲ့ Communicate တော့လုပ်နိုင်နေပြီလို့ပြောလို့ရပါတယ်။ မပြောနိုင်သေးဘူးဆိုတာ မပိုင်သေးလို့ပါ။ ဒီ့အတွက် Textbook Grammar Revision ပိုင်းထည့်ထားရခြင်းဖြစ်ပါတယ်။ ဖတ်စာအုပ်ထဲလေ့လာခဲ့တဲ့ Grammar တွေ စကားလုံးတွေကို လက်တွေ့ စကားပြောမှာဘယ်လိုထည့်ပြောရမလဲ? ဘယ်လိုအခြေအနေတွေမှာသုံးသင့်လဲ ? ဒါတွေကိုစကားပြောမှာ ဘယ်လိုတွေအတိုကောက်တွေသုံးတတ်သေးတယ် ၊ ဘယ်လိုပုံစံတွေပြောင်းပြီးသုံးတတ်သေးတယ် ... စသဖြင့်တစ်ခါတည်းသင်ပေးသွားမှာပါ။ Grammar ပိုင်းနဲ့ 会話 ပိုင်းတွေပြန်နွှေးပေးပြီးတဲ့အခါ Zoom breakout rooms တွေနဲ့ နှစ်ယောက်တစ်ခန်း ပြန်နွှေးထားတဲ့ Kaiwa ပိုင်းတွေကိုခဏဖတ်ရပါတယ်။ အသုံးအနှုန်းတွေကို အသားကျ၊ နားရည်၀ပြီး ပါးစပ်ထဲစွဲလာအောင်ပါ။
◆ General Speaking ပိုင်း
သင်ရိုးစာအုပ်ပြင်ပက အကြောင်းအရာတွေနဲ့ စကားပြောလေ့ကျင့်မှာပါ။ Topic time, Short video time, Singing time, Movie time, Free Talk Time, ... etc. အမျိုးမျိုး တစ်လှည့်စီပါ၀င်ပါမယ်။ Topic နဲ့ Short Video ကတော့ပိုများပါမယ်။
ဒီအပိုင်းမှာလည်း Zoom Breakout room တွေနဲ့ နှစ်ယောက်တစ်ခန်းဆွေးနွေးရပါမယ်။ဂျပန်လိုဆွေးနွေးရမှာပါ။ breakout room တွေခွဲပေးလိုက်ပြီးရင် မေးချင်တာမေးလို့ရအောင်၊ မှားတာတွေပြင်ပေးရအောင် room တိုင်းကို watashi လိုက် check နေမှာပါ။
𝗧𝗼𝗽𝗶𝗰 𝘁𝗶𝗺𝗲 ကတော့ လူငယ်တွေစိတ်ပါ၀င်စားမယ့် ပေါ့ပေါ့ပါးပါးအကြောင်းအရာတွေကို ခေါင်းစဉ်လေးတွေနဲ့ ဆွေးနွေးရပါတယ်။ Topic အတွက်ကြိုတင်ပြင်ဆင်ချိန်ရအောင် အတန်းမစခင်တစ်ရက်အလိုမှာ Topic နဲ့ စဉ်းစားရမယ့်ပုံစံတွေကိုကြိုပြီး Student gp ထဲပို့ထားပေးပါတယ်။
𝗦𝗵𝗼𝗿𝘁 𝘃𝗶𝗱𝗲𝗼 𝘁𝗶𝗺𝗲 မှာတော့ podcast vd တွေ၊ ဂျပန်နဲ့ ပတ်သတ်တဲ့ vd အတိုလေးတွေကိုနားထောင်၊ ဆွေးနွေးကြရင်း Listening Skill ပိုင်း train ပေးမှာပါ။ ဆွေးနွေးလို့ပြီးရင် နောက်ဆုံးမှာ Vd ကို watashi ကပြန်ရှင်းပြပါတယ်။ စကားလုံးအသစ်တွေ ၊ အသုံးအနှုန်းအသစ်တွေမှတ်ရအောင်ပါ။
𝗦𝗶𝗻𝗴𝗶𝗻𝗴 𝘁𝗶𝗺𝗲 ကတော့ဂျပန်သီချင်းတွေကို lyrics နဲ့တကွသင်ပေးမှာဖြစ်ပြီး စကားလုံးအသစ်တွေ အသုံးအနှုန်းအသစ်တွေကို သီချင်းဆိုရင်းပျော်ပျော်ပါးပါးလေ့လာမှတ်သားရမှာပါ။
𝗠𝗼𝘃𝗶𝗲 𝘁𝗶𝗺𝗲 ရက်ရောက်ရင်တော့ စာအုပ်ပိုင်းမသွားတော့ဘဲ ရုပ်ရှင်ပဲကြည့်မှာပါ။( watashi ကတော့ anime လေးတွေပြတတ်ပါတယ် ) ပြီးစလွယ်တော့မကြည့်ရပါဘူး။ ရုပ်ရှင်ကြည့်ပြီးတာနဲ့ ကိုယ်မှတ်မိလိုက်တဲ့ စကားလုံးတွေ၊ စာကြောင်းတွေကို ပြန်ပြောပြရမယ့် ပုံစံမျိုး mission တစ်ခုတော့အမြဲရှိပါတယ်။ပြီးရင် ကိုယ်ကြားလိုက်တာတွေက မှန်ရဲ့လားဆိုတာကို watashi နဲ့ပြန် check လုပ်ရပါမယ်။ အဓိကကတော့ ဂျပန်အသံထွက်တွေနဲ့အသားကျလာဖို့ရယ်၊ လေ့လာပြီးသားစကားလုံးတွေကို ကိုယ် catch ဖြစ်ရဲ့လားဆိုတဲ့ Listening skill အတွက်ပါ။
Speaking Class ဖြစ်တဲ့အတွက် စာရေးခိုင်းတာမျိုး မရှိသလို အိမ်စာလည်းမရှိပါဘူး။ အတန်းချိန်ပုံမှန်လာပြီး စကားပြောလေ့ကျင့်ပေးရင် ရပါပြီ။
အတန်းအပ်ချင်တဲ့သူ၊ အတန်းနဲ့ပါတ်သတ်ပြီးစုံစမ်းမေးမြန်းချင်တဲ့သူတွေက Telegram Acc :
@This_is_NaO, @NaoNihongo_YMTN
ဒီ Acc တွေကို ဆက်သွယ်လို့ရပါတယ်။
#Nao日本語
#JapaneseSpeakingClass
21August 14, 2026 848 1 29


