Mythical LFC ♦: post #244 — TG.ME

- EPL ပွဲတွေသာ ကျန်တော့တဲ့လီပါပူး အနေနဲ့ လက်စတာ နဲ့ရင်ဆိုင်ရသည့်တိုင် တိုက်စစ် ကွင်းလယ် လူစုံထုတ်လာခဲ့ပါတယ်။ ဘယ်နောက်ခံအဖြစ် ဆီမီးကပ်စ် ပွဲထွက်ခဲ့ပြီး ညာနောက်ခံအဖြစ် ဘရတ်တလေ ပွဲထွက်လာပါတယ်။ ပထမပိုင်းကတည်းက ဖိအားပေးကစားနိုင်ခဲ့ပေမဲ့လို့ နောက်ပိုင်းပွဲစဥ်တွေမှာလိီပါပူး ဂိုးရဖို့ရုန်းကန်နေရသလို လက်စတာဂိုးသမားကာကွယ်တာ တွေကြောင့်ဂိုးမရှိခဲ့ဘဲ ဒုတိယပိုင်းမှာ ဒဏ်ရာကနေပြန်လာတဲ့ထရန့်ဂိုးနဲဲ့ အနိုင်ရရှိခဲ့ပါတယ်။ ထရန့်အနေနဲ့ ကစားသမားဘဝ ဘယ်ခြေနဲ့ပထမဆုံးသွင်းဂိုး သွင်းခဲ့ပြီး ထရန့်ဝင်လာတဲ့အချိန်မှာတိုက်စစ်ပိုင်းသိသိသာသာ ကောင်းမွန်လာတာကိုလဲတွေ့ရပါတယ်။ ရာသီကုန်မှာ ရီးရဲလ်ကိုပြောင်းတော့မဲ့ ထရန့်အနေနဲ့ အသင်းအတွက်နောက်ဆုံး နှုတ်ဆက် ဂိုးလဲ ဖြစ်သွားနိုင်ပါတယ်။
❤7👍6
April 20, 2025 644