Mythical LFC ♦: post #242 — TG.ME

- ပွဲအကြောင်းပြောရရင်တော့ လီပါပူး အသင်းအနေနဲ့ ယခု နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်း မတည်ငြိမ်မှု အတ်ိုင်းဘဲ ပထမပိုင်းမှာ ကစားပုံ ပြိုင်ဘက်ကိုဖိအားပေးနိုင်စွမ်း အဖက်ဖက်ကနေ အသာဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပွဲက ဝက်စ်ဟမ်း အသင်းရဲ့ ပွဲ ဖြစ်သွားခဲ့ပါတယ်။ အခွင့်ရေးတွေလဲ ခွင့်ပြုခဲ့ရပါတယ်။ ဘရတ်တလေ ဒဏ်ရာက ပြန်လာတာကြောင့် ညာနောက်ခံ လူအဖြစ်ကစားခဲ့ပါတယ်။ လီပါပူး အသင်းအနေနဲ့ နောက်ပိုင်းမှာ ယိမ်းယိုင်လာခဲ့ ခံစစ်ကြောင်းကို တွေ့ရလာပါတယ်။ ထရန့် ဒဏ်ရာကြောင့်မပါနိုင်တော့တဲ့ပွဲစဥ်က စလို့ ဆာလာ ဂိုးပေါက်ပြောက်ခဲ့သလို တိုက်စစ် အခင်းကျင်းမှာ လိုအပ်ချက်တွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဆာလာအနေနဲ့ ဖန်တီးမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ပရ်ီးမီးယားလိဒ်ချံပီယံ အတွက် သေချာသလောက်ရှိပေမဲ့ နောက်နှစ်မှာတော့ လီပါပူး အသင်းအနေနဲ့ ပြင်ဆင်ပြောင်းလဲမှု ခပ်ကြီးကြီးလုပ်မှရတော့မဲ့ အခြေပါ။
👍9❤4😁1
April 13, 2025 716 4