♦ မာဆေးဆိုက် ဒါဘီမှာ အနိုင်ရခဲ့တဲ့ လီပါပူး
- လီပါပူး အသင်းအနေနဲ့ မာဆေးဆိုက်ဒါဘီမှာ 1-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချံပီယံလိဒ်နဲ့ EFL Cup မှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပြန်ကစားတဲ့ ပရီးမီးယားလိဒ်ပွဲစဥ်မှာ အနိုင်ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဒ် မှာ ဒုတိယနေရာက အာဆင်နယ် အသင်းကို 12 မှတ်အထိ ဖြတ်ထားပြီး ဖလား ရရှိဖို့ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။
- ပွဲအကြောင်းပြောရရင် ဂျိုတာရဲ့ မိနစ် ငါးဆယ်ကျော်မှာရတဲ့ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး တစ်ပွဲလုံးအတိုင်းအတာနဲ့ဘော်လုံးကိုင်ကစားနိုင်ခဲ့ပါတယ်။ အဲဗာတန် အသင်းအနေနဲ့ အခွင့်ရေးအချို့ရခဲ့ပြီး တိုင်ထိတာ လူကျွံ တာရောကြောင့် ဂိုးမရရှိခဲ့ပါဘူး။ ဒီပွဲမှာထူးခြားချက် အနေနဲ့ နည်းပြစလော့ဒ်အနေနဲ့ ဂျူံးစ်ကို ညာနောက်ခံအဖြစ်ပွဲထွက်လာတာ ဖြစ်ပါတယ်။ ဒီတိုင်းသာ နိုင်ပွဲ ဆက်သွားမယ်ဆိုရင် အာဆင်နယ် အသင်းနဲ့ ကစားရမဲ့ အန်းဖီးလ်က ပွဲစဥ်မတိုင်ခင်မှာ ဖလားကိုင်မြှောက်နိုင်မှာဖြစ်ပါတယ်။

12
6April 3, 2025 717