Myanmar Live Series: post #421 — TG.ME

ငါတို့မြေကွက်ပြန်ပေး ....

ဦးတွတ်နီက ဒေါ်အုန်းနုတို့သားအမိဆီကိုသွားကာ သူ့ထံပေါင်ထားတဲ့ စိုက်ခင်းတွေ ရက်စေ့ပြီဖြစ်တဲ့အကြောင်းလာပြောခဲ့ပါတယ်။ ဒေါ်အုန်းနုက တစ်ရက် နှစ်ရက်စောင့်ပေးဖို့ တောင်းပန်ပေမယ့် ဦးတွတ်နီက လက်မခံခဲ့ပါ။ ဦးတွတ်နီက ကျော်ထင့်ဆီက သိမ်းလိုက်တဲ့ စိုက်ခင်းတစ်ခုတည်းကိုပဲ ခြံခတ်လိုက်တာမဟုတ်ဘဲ ရေချမ်းပိုင်တဲ့ စိုက်ခင်းတစ်ဝက်ကိုပါ ရောပြီးခြံခတ်လိုက်တာကြောင့် ဦးဘထွန်းနဲ့ စကားများကြပါတော့တယ်။ ရေချမ်းမဆုံးခင်က သူ့ဆီကပိုက်ဆံချေးထားတာကြောင့် စိုက်ခင်းတစ်ဝက်ကို အကြွေးနဲ့သိမ်းလိုက်တဲ့အကြောင်းပြောကာ ဦးတွတ်နီနဲ့သူ့တပည့်တွေထွက်သွားကြပါတော့တယ်။

မယ်ချို [Epi 4]

Cast : ဝိုင်းရွှေရည် ၊ မင်းဘုန်းမြတ် ၊ မာဟိန်း ၊ သွန်းသစ္စာဇော် ၊ ပြုံးဟန်သာကို ၊ ရန်လင်းအောင် ၊ ဝေယံကျော် ၊ ကောင်းထက်သာ ၊ စောမင်းယျာ ၊ မှူးသခင်ကို ၊ တေဇာကျော် ၊ မေသင်းကို ၊ ဝေယံထက် ၊ မေမြတ်နိုင် ၊ ပိုင်ခန့်ဇော် ၊ အောင်ထွဋ်နောင် ၊ စိုင်းဇေယျ ၊ ဦးဇော် မှိုင်း ၊ အကယ်ဒမီခင်စိုးပိုင် နှင့် သရုပ်ဆောင်များစွာ

Genre : Horror
ဇာတ်လမ်း : ကျော်ရာဇာကို
ဇာတ်ညွှန်း : သန္တာဝေ ၊ ကျော်ရာဇာကို ၊ ခိုင်ဇွန်ဝင့်
ဒါရိုက်တာ : ထက်နောင်
August 7, 2024 3.8K