စာပေဟောပြောပွဲ: post #1576 — TG.ME

တခါတလေ ဘဝဆိုတာ ချိုသလား ခါးသလား ဝေခွဲလို့မရတဲ့ အခြေအနေတွေ ရှိတတ်ပါတယ်။ ကိုယ့်လမ်းကို ကိုယ်လျှောက်ခဲ့တာ ဘယ်သူ့ ဖိနပ်ကိုမှ မငှားစီးခဲ့ဘူး။ ဘယ်သူ့ကိုမှလည်း မမှီခိုခဲ့ဘူး။ သံယောဇဉ်တွယ်မိတဲ့ လူတချို့ကြောင့် ကိုယ်ဘယ်လောက် နာကျင်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေက ခပ်များများပဲ တချို့နေ့မှာ... အဆင်မပြေတာတွေမှ အများကြီး။ ဒါပေမယ့် အပြုံးတွေကို တပ်ဆင်ရင်းနဲ့ ရင်ထဲက ဒဏ်ရာတွေကို သိုသိုသိပ်သိပ်ပဲ ထားလိုက်ပါတယ်။ ဘဝမှာ နာကျင်မှုတွေကြောင့် ပြိုချင်နေတဲ့ မျက်ရည်တွေကို တောင့်ခံထားခဲ့တဲ့ နေ့တွေလည်းအများကြီးပါ။ ကိုယ့်မျက်ရည်ကို မြင်ရင် ကိုယ့်ဝမ်းနည်းခြင်းတွေကို မျှယူမယ့် လူတွေကို အားနာမိတယ်လေ။ တချို့လောကဓံရဲ့ ရိုက်ခတ်မှုတွေက ခံနိုင်ရည်ရှိလွန်းတာ မဟုတ်သလို အဆင်ပြေနေတယ်လို့ ထင်ရတဲ့ အပြုံးတွေမှာ ကွယ်ဝှက်ထားတဲ့ သောကတွေလည်း အများကြီးပါ။ လောကဓံက ကော်ဖီတစ်ခွက်ဆိုရင် သကြားမပါလည်း သောက်ရမယ် သကြားပါလည်း သောက်ရတယ်။ အချိုဖြစ်ဖြစ် အခါးဖြစ်ဖြစ် ကိုယ့်အတွက် ဆေးဖက်ဝင်ဖို့တော့ ကြိုးစားရပါမယ်။ ဘာပဲဖြစ်ဖြစ် ဘဝကိုတော့ အကောင်းဆုံး ကော်ဖီသောက်ရင်း ဖြတ်သန်းရမှာပေါ့လေ.........။ Youtube.com/@myanmarwisdomguide

❤46👍13😢2🔥1
June 16, 2026 7K