မိသားစု မှာမေတ္တာတရားဟာ ပိုအရေးပါတယ် ။ ကလေးတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းအစဟာ မိဘ တွေရဲ့ ဆင်းရဲခြင်းချမ်းသာခြင်းနဲ့ ရာနှုန်းပြည့် မသက်ဆိုင်ဘူး ။ မိသားစုတစ်ခုရဲ့ မေတ္တာနဲ့ဂရုဏာနဲ့ပဲ သက်ဆိုင်တယ် ။ တချို့မိသားစုတွေ ချို့တဲ့ပါတယ် ဒါပေမယ့် မိခင်ဖခင်တွေဟာ မရှိရှိတဲ့ကြားက ဂရုစိုက်ပေးတယ် ရုပ်ဝတ္ထု သာချို့တဲ့ပေမယ့်ရှိတဲ့မေတ္တာကို အနွေးဓာတ်လောင်စာလေးနဲ့ သားသမီးအပေါ်ကို အလင်းပေးနိုင်တယ် ။ တချို့မိသားစုတွေဟာ ချမ်းသာပါတယ် လူတန်းစေ့နေထိုင်နိုင်ပါတယ် ။ ဒါပေမယ့် ရုပ်ဝတ္ထုသာ ခန့်ငြားနေပေမယ့်မိသားစုရဲ့ နွေးထွေးမှုဟာ ခန်းခြောက်နေတယ် ။ မိသားစုတစ်ခုရဲ့ မိခင်ဖခင် တစ်ဦးဦးက မေတ္တာတရားတွေပျက်ကွက်တာနဲ့ အဲ့ဒီမိသားတစ်စုလုံးရဲ့ အနွေးဓာတ်ကလည်း ထိခိုက် ရိုက်ခတ်ရတာပဲ ။ နွေးထွေးတယ်ဆိုတာရှိသင့်ရှိထိုက်သော ကျင့်ဝတ်တရားထက် ပိုပိုသာသာဖန်တီး ပေးရတဲ့ အလိုက်သိစိတ်ကလေးပဲ ။ "ပျော်ရွှင်ခြင်းက ငွေပေးပြီးဝယ်လို့ရတယ်လို့ ပြောတဲ့လူတွေဟာ ပိုက်ဆံရှာနိုင်လို့ ထွက်ကျလာတဲ့ ဖရိုဖရဲသော လူသားမဆန်တဲ့ လူတွေဆီက ဖြစ်တယ် " လောကကြီးမှာ ပိုက်ဆံကုန်တဲ့အခါဖြစ်စေ စီးပွားပျက်သွားတဲ့အခါဖြစ် ပထမဦးဆုံး သတိရလိုက်တာက ကိုယ့်အပေါ်တကယ် နွေးထွေးပေးတဲ့ လူတွေကို သတိရကြတာပဲ။ ငွေမရှိတော့အခါမှာ လူတွေရဲ့ လက်တွေ့ တရားဆန်သော ပေါင်းသင်းဆက်ဆံမှုကို တွေ့ရလိမ့်မယ် ။ အဲ့ဒီတော့ မိသားစုမှာ ဘာကအရေးကြီးသလဲလို့မေးလာရင်တော့ ကိုယ့်ယူဆ ချက် ကိုယ့်အတ္တနဲ့ ယူဆကိုင်စွဲပြီး ငွေကအရေးကြီးတယ်လို့ ဖြေချင်ဖြေနိုင်ပါတယ် ။ ကျွန်တော့အတွက်ကတော့ ဟော့ဒီကမ္ဘာပေါ်မှာငွေရှိရင်ရုပ်ဝတ္ထုဆိုတာ အသစ်အဆန်းတွေထပ်ရှာလို့ရနိုင်ပေမယ့် မိသားစုဖြစ်စေ အပေါင်းအသင်းမိတ်ဆွေ ဖြစ်စေ ချစ်သူဖြစ်ပါစေ စစ်မှန်သောမေတ္တာတရား ဆိုတာ ပြန်ရှာမရပါဘူး။ ချင်းပြည်နယ်ကလေးရဲ့ ထန်တလန် မြို့က ဆိုင်းဘုတ်လေးလိုပဲ ( ထန်တလန်ကထင်တာာပဲ) " မချမ်းသာသော်လည်းပျော်ပါသည် " ဆိုသလိုပေ့ါ ။ မိသားစုတစ်ခုမှာ ချမ်းသာရဖို့ထက် ပျော်ရွှင်ရဖို့ကပိုအရေးကြီးပါတယ်။ Youtube.com/@myanmarwisdomguide
စာပေဟောပြောပွဲ: post #1572 — TG.ME
June 11, 2026 3.9K