B-ir-d-m-an ( 20-1-4 ) ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ… — Movieaction10 — TG.ME

B-ir-d-m-an ( 20-1-4 ) ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ https://t.me/moviee2122/1032

September 2, 2026 285