ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ ===== ဒဂုံတက္ကသိုလ် ကျောင်းသား/သူများနှင့် ခရီးသွား ပြည်သူများ သွားလာရေး လွယ်ကူစေရန် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို စက်တင်ဘာ ၁ ရက်မှစ၍ ဘက်ထရီရထားစက်ခေါင်းဖြင့် မြန်မာ့မီးရထားက စတင်ပြေးဆွဲနေပြီ ဖြစ်သည်။ အဆိုပါ ရထားတွင် ခရီးသည် ၆၂ ဦးဆံ့ ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်ပြီး ရန်ကုန်မှ အဆန်ရထား ၆ စင်း၊ ဒဂုံတက္ကသိုလ်မှ အစုန်ရထား ၆ စင်း ပြေးဆွဲပေးမည်ဖြစ်သည်။ ကျောင်းတက်ချိန် ည-၁ အဆန်ရထားသည် ရန်ကုန်မှ နံနက် ၆:၁၅ နာရီတွင် ထွက်ခွာ၍ ဒဂုံတက္ကသိုလ်သို့ နံနက် ၇:၃၀ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ၊ ကျောင်းဆင်းချိန် ည-၁၀ အစုန်ရထားသည် ဒဂုံတက္ကသိုလ်မှ မွန်းလွဲ ၃:၁၅ နာရီတွင် ထွက်ခွာမည်ဖြစ်သည်။ ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်နှင့် တိုးကြောင်ကလေး ဘူတာတို့၌ ရပ်တန့်ပေးမည်ဖြစ်ပြီး လက်မှတ်ခမှာ ၅၀၀ ကျပ် ဖြစ်သည်။ မင်းခေါင်
ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘက်ထရီရထားစက်ခေါင်းဖြင့်… — ရွှေဒုံမောင် — TG.ME
Forwarded fromFACT CHECK
September 2, 2026 21