Forwarded fromFACT CHECK
ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင် ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုးရိမ်ရေမှတ်ထက် ၉ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်အသိပေးထားသည်။ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို ရှောင်ရှားနေထိုင်ကြရန်လည်း သတိပေးထားသည်။
September 2, 2026 19