ကျနော့်လည်းဦးလေးကြီးဘ၀ကို ထပ်ပြီးတော့မရှုပ်ဖြစ်တော့အောင် နေမယ်။ အေး… — ခေတ်သစ် စာကြည်တိုက် — TG.ME

ကျနော့်လည်းဦးလေးကြီးဘ၀ကို
ထပ်ပြီးတော့မရှုပ်ဖြစ်တော့အောင်
နေမယ်။

အေး . . . !

ချစ်လို့ လိုက်လျောပေးခဲ့တာကိုး
တန်ဖိုးမဲ့တဲ့ မိန်းက‌လေးလို့ထင်နေရင်
လဲသေလိုက်ဗျား . . .

ကျုပ်ကလေ ခင်ဗျားကို ချစ်လွန်းလို့သာ
တန်ဖိုးအကျခံပြီး တွယ်ကပ်နေခဲ့မိတာဗျာ့ . . .

အဲ့လောက်ထိတန်ဖိုးမမဲ့ဘူး . . . !

လွယ်လွယ်ရတိုင်း တန်ဖိုးမဲ့တဲ့
မိန်းကလေးလို့ထင်နေတဲ့ ဦးလေးကြီးရဲ့
စိတ်ဓာတ်ကို တကယ်‌အော့နှလုံးနာမိတယ်ဗျား . . . !

ဒီဇာတ်လမ်းကဒီမှာ ပြီးပြီး
ထပ်ပြီးရှေ့ဆက်စရာလမ်းမရှိတော့ဘူးလို့
ကျနော်ထင်တယ် . . . "

" အိုကေ . . .

သဘောပဲလေ . . .

မင်းဘက်က ပြတ်ချင်နေမှတော့ . . .
ငါ့ဘက်က လမ်းခွဲပေးဖို့ အဆင့်သင့်ပဲ . . .

ဘေဘီ . . . ဟား . . . ဟား . . . "

" တောက် . . . "

🥀 တကယ်ပါဗျား . . .
ကျနော့်မြတ်နိုးစွာ ချစ်ခဲ့မိတဲ့သူက
အဲ့လောက်ထိ အောက်တန်းကျခဲ့လိမ့်မယ်လို့
တကယ်မထင်ခဲ့မိဘူး . . .

🥀 ပါးရိုက်ခဲ့မိတဲ့ ကိုယ့်လက်ကိုယ်တောင်
ရွံ့မိပါတယ်ဗျား . . .

🥀 မတန်တဲ့သူကို ချစ်ခဲ့မိတဲ့အတွက်
ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိပါတယ်။

🥀 ၅ နှစ်လုံးလုံး ချစ်ခဲ့ပေးခဲ့ပေမယ့်လည်း
အခုတော့ အလကားပါပဲ. . .

🥀 နောက်ဆုံးတော့လည်း . . .
ဘ၀နဲ့ရင်းပြီးသိခဲ့ရတဲ့အသိက
ချစ်ရင်ပုံမအပ်ပါနဲ့တဲ့ . . . . 💔

✦ 𝐒 𝐭 𝗼 𝐫 𝐲 ✦

( မိန်းကလေးတိုင်း ကိုယ့်ကိုတန်ဖိုးထား
မြတ်နိုးသည့် ကိုယ်ချင်းစာစိတ်ရှိတဲ့
သူနှင့်သာ ဆုံဆည်းနိုင်ကြပါစေ။

မည်သူကို မှ ထိခိုက်လိုချင်မရှိပါ။
တိုက်ဆိုင်မှု တစ်စုံတစ်ရာရှိခဲ့လျှင်လည်း
အနူးအညွန့်တောင်းပန်အပ်ပါသည်။ 🙏 )

#crd
# ခေတ်သစ်စာကြည့်တိုက်
❤6👍4
May 11, 2024 1.3K 1