ဦးလေးကြီး ကျနော်တို့လက်ထပ်ကြရအောင် . . . ” “ ဟင်… — ခေတ်သစ် စာကြည်တိုက် — TG.ME

“ ဦးလေးကြီး ကျနော်တို့လက်ထပ်ကြရအောင် . . . ”

“ ဟင် . . . ဘာလို့လက်ထပ်ရမှာလဲ . . .

စောသေးတယ်လေ . . . ငယ်ရဲ့ . . . ? ”

“ မစောတော့ဘူးလေ ဦးလေးကြီးရဲ့
ကျနော်တို့တွဲလာတာပဲ 5 နှစ်ပြည့်တော့မယ်
အခုအချိန်မှ လက်မထပ်ရင် ကျနော့်တို့
ဘယ်အချိန်လက်ထပ်ကြမှာလဲ . . . ? ”

“ ‌ဦးလေးကြီးကတော့ နှစ်တွေအကြာကြီး
တွဲချင်သေးတယ်။ လက်ထပ်ဖို့ကို သိပ်ပြီး
စိတ်မစောချင်သေးဘူး . . .

အချိန်တန်ရင်ယူကြမှာပဲဟာ
လက်ထပ်တာက ဘယ်အချိန်ပဲ
လက်ထပ် လက်ထပ်ရပါတယ်လေ။ ”

ဦးလေးကြီးက သူ့စကားဆုံးသည်နှင့်
သူ့လက်ထဲက ဆေးလိပ်ကို တဖွာရှိုက်
လိုက်သည်။ ပြီးမှ . . .

“ အင်း . . . သိပ်ပြီးစိတ်မစောပါနဲ့ ငယ်ရယ်
အချိန်တန်ရင် ဦးလေးကြီးက ငယ့်ကိုပဲ
တင်တောင်းမှာပါ . . . ”

“ တင်တောင်းတာကို ခဏထားပါဦး
ဦးလေးကြီးရဲ့ . . . အရင်ဆုံး official
တွဲပြဖို့ပဲကြိုးစားပြပါဦး။

တွဲလာတာ ၅ နှစ်‌ပြည့်တော့မယ်
အခုအချိန်ထိ Slient အတွဲခံနေရတုန်းပဲ။

ဘယ်တော့များမှ လူရှေ့သူရှေ့ထုတ်ပြပြီး
လက်တွဲမှာလဲ . . . ”

“ ဟာကွာ စိတ်ရှုပ်လာပြီး အချိန်တန်ရင်
ဖြစ်လာမှာပေါ့။ တောက် . . . !

အကြောင်းမရှိ အကြောင်းရှာပြီး
လာရစ်နေတယ်။

အေး . . . !

ဆက်တွဲချင်ရင်တွဲ မတွဲချင်ရင်နေ . . .

ငါကတော့ အခုအချိန်မှာ Official တွဲပြဖို့
အစီအစဉ်ကို မရှိသေးဘူး . . . ”

ဦးလေးကြီးက သူပြောချင်တာကို ‌ဒေါသတကြီး
ပြောဆိုသွားပြီး ထုံးစံအတိုင်းပဲ ကျနော့်ကို
ထားပြီးထွက်သွားပြန်သည်။

ဟူးးး . . . .

သက်ပြင်းရှည်ကြီးတစ်ချက်ကို ကျနော်
ခိုးပြီးချလိုက်မိသည်။

တွဲလာတာဖြင့် ၅ နှစ်ပြည့်တော့မယ် . . .

အခုအချိန်ထိ နှစ်ယောက်အတူတူဆိုတဲ့
အနာဂတ်တွေကဝေးဝါနေဆဲပင်။

ဘ၀ပေးပြီး ပုံချစ်ခဲ့မိတော့လည်း
သူပြုသမျှနုရတော့တာပေါ့ . . .

တစ်ခါတလေမှာ ကိုယ့်တန်ဖိုးကိုယ်တောင်
မေ့လျော့နေခဲ့တဲ့အထိ ကျနော့်မှာ
အချစ်ကိုရူးမိုက်နေပေမယ့်လည်း
ဦးလေးကြီးကိုကြည့်ရတာတော့ ကျနော့်ကို
မချစ်သလိုမျိုးပါပဲလေ . . .

❄️ ❄️ ❄️ ❄️ ❄️ ❄️ ❄️

" ဟျောင့် သားကြီး မင်း ဟိုကလေးမနဲ့
တွဲလာတာလည်းကြာပြီး လက်ထပ်ဖို့ရော
အစီအစဉ်မရှိသေးဘူးလား . . . ? "

" ဟာ . . . ! အလကားပါကွာ . . .

ဒီလိုအညှာလွယ်တဲ့ ကောင်မလေးမျိုးကို
ငါ့ကလက်ထပ်စရာလားကွ . . . ?

ဒီအတိုင်းပဲ အလကားစားနေရလို့
ဆက်တွဲနေတာပါကွာ . . .

အချိန်တန်ရင် ငါပစ်ချခဲ့မဲ့သူတွေထဲက
တစ်ယောက်ပါပဲလေ . . .

သိပ်အလေးအနက်ထားမနေပါနဲ့ . . . !

အဲ့ကောင်မလေးက ငါဆော့ကစားစရာ
အရုပ်တစ်ရုပ်ထက်မပိုပါဘူးကွာ . . .

ဟား . . . ဟား . . . "

" အေးပါကွာ . . . ဟုတ်ပါပြီး . . .

မင်းကတော့လေ တကယ်မနိုင်စိန်ပဲ။

အေး‌နော် ၀ဋ်လည်မှ ထိုင်ငိုမနေနဲ့ "

" ဟား . . . ဟား . . . လည်စရာလားကွာ !

သူကိုယ်တိုင်က ချစ်လို့ဆိုပြီး ပုံအပ်နေတာကိုး
ငါကမစားရင် ရာဇ၀င်ရိုင်းတာပေါ့ကွ . . .

ပြီးတော့ . . .

၀ဋ်လည်စရာအကြောင်းလည်း
မရှိဘူးထင်တာပဲ . . . ။

သူချစ်လို့ သူ့ဘ၀ကိုသူပုံပေးတာကိုး
ငါ့ကအလိုက်တသိနဲ့ သူဆန္ဒကို
လိုက်လျောပေးလိုက်ရုံလေး‌ပဲလေ . . .

ဟ . . . ဟ . . . "

" အေးပါ . . . အေးပါ . . . မင်းကတော့
တော့်တော့်ကိုမလွယ်တဲ့ကောင်ပဲဟေ့ "

" ဟား . . . ဟား . . . "

☘️ ☘️ ☘️ ☘️ ☘️ ☘️ ☘️

" တွေ့လား အဲ့လူက နင့်အပေါ်
ကစားနေတယ်ဆိုတာ "

သူငယ်ချင်းဖြစ်သူ မေခက သူ Phone ထဲက
သူ့သူငယ်ချင်းရိုက်ထားသော Video တစ်ခုကို
ဖွင့်ပြ၍ ဂရုဏာဒေါသဖြင့်ဆူလေသည်။

" နင့်တွေ့ပြီးလား . . . ?

နင့်ကို သူကဆော့ကစားစရာတစ်ခုလိုပဲ
သဘောထားဟဲ့ . . .

နင်ဆက်ပြီး‌တော့ ရူးမနေတော့ဟဲ့ . . . !

နင့်ဘ၀ကြီးတစ်ခုလုံး ပုံပေးထားတောင်
ဒီကောင်က တန်ဖိုးထားရကောင်းမှန်းမသိတဲ့
အပြင် စားလို့၀ရင်လည်း ပစ်ချခဲ့ဦးမှာတဲ့ . . .

နင်မရှက်ဘူးလား . . . ? ဟမ် . . . ?

ဒီလိုကောင်မျိူးအတွက်နဲ့ ပေးဆပ်နေရတာကို
နင်တန်တယ်လို့ထင်နေတာလား . . . ! "

သူမစကားဆုံးသည်နှင့် ကျနော့်ရှိုက်ကြီးတငင်
ငိုချလိုက်မိသည်။

ဘ၀ကြီးတစ်ခုလုံးပုံပေးပြီး ချစ်ခဲ့တာတောင်
အရုပ်တစ်ရုပ်လို ဆော့ကစားဖို့ပဲတဲ့လား
ဦးလေးကြီးရယ် . . .

ပါးပြင်ထက်က အဆက်မပြတ်ကျဆင်းနေ‌တဲ့
မျက်ရည်များကို ကျနော့်မတားဆီးနိုင်တော့ချေ။

ကိုယ့်ကိုယ်ကိုယ်လည်း မုန်းမိသည် . . .
ကိုယ့်အပေါ်ကစားစရာတစ်ခုလိုပဲ
သတ်မှတ်ထားတဲ့သူအပေါ်မှာမှ ဘ၀ကိုတောင်
ပုံပေးပြီး မိုက်မိုက်မဲမဲချစ်ခဲ့မိတယ်တဲ့လား . . . ?

မိန်းမတစ်ယောက်ရဲ့ အချစ်က
အဲ့လောက်တောင်မှ ဈေးပေါ
သွားခဲ့တာတဲ့လားဗျား . . . ?

ရက်စက်လိုက်တာနော် . . .

ကျနော့်ရဲ့ချစ်ခြင်းမေတ္တာတွေက
အဲ့လောက်တောင်မှ ဈေးပေါသွားခဲ့မှန်း
ကျနော့်တကယ်မသိခဲ့မိဘူးဗျာ့ . . . .

အဲ့လိုမှန်းသာသိရင် အစကတည်းက
ကျနော့်ကိုယ်ကျနော်ပဲ ပြန်ရွေးချယ်ခဲ့မိမှာ
အမှန်ပါ။

☁️ 🍒 ☁️ 🍒 ☁️ 🍒 ☁️ 🍒 ☁️ 🍒 ☁️ 🍒 ☁️

“ “ “ ဖြန်းးးးး ” ” ”

" အဲ့တာက ကျနော့်ရဲ့ ချစ်ခြင်းမေတ္တာကို
စော်ကားလို့ ရိုက်တာ . . . "

“ “ “ ဖြန်းးးးး ” ” ”

" ဒါက ကျနော့်ရဲ့သိက္ခာအတွက်ရိုက်တာ . . .

ဒီနေ့ကစပြီး ဦးလေးကြီးနဲ့ ကျနော်ရဲ့
ဇာတ်လမ်းကပြီးပြီး . . .

ကျနော့်ဘ၀ကိုထပ်ပြီးတော့လည်း
လာမရှုပ်ပါနဲ့ . . . !
👍2
May 11, 2024 1K 1