My Life with the Walter Boys (Seasons -1,2,3) 🔻 S-3 အစဆုံးရပါပီ👀… — MoviesNote(Main Reviews) — TG.ME

⭐️My Life with the Walter Boys (Seasons -1,2,3)

🔻 S-3 အစဆုံးရပါပီ👀

ဂျစ်ကန်ကန်Bad boyလေး လား?နဲ့ နွေးထွေးပီးတည်ငြိမ်တဲ့တစ်ယောက်ဆိုရင်ရော.? ဒီညီကိုနှစ်ယောက်ထဲ Jackie ဘယ်သူ့ကိုရွေးမလဲ....
နတ်ဖလစ် ရဲ့ နာမည်ကြီး လူငယ်အချစ်ဒရာမာ စီးရီးဟာ လူငယ်ဘဝရဲ့ ရုန်းကန်လှုပ်ရှားမှု၊ ချစ်ခြင်းမေတ္တာနဲ့ မိသားစုသံယောဇဉ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ရင်ခုန်စရာကောင်းတဲ့စီးရီး..

နယူးယောက်မြို့မှာ နေထိုင်တဲ့ စာတော်ပြီး စည်းကမ်းကြီးတဲ့ အသက် ၁၅ နှစ်အရွယ် ကောင်မလေး Jackie Howard ဟာ မတော်တဆမှုတစ်ခုကြောင့် သူမရဲ့ မိသားစုဝင်အားလုံးကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ အုပ်ထိန်းသူဖြစ်လာတဲ့ မိခင်ရဲ့သူငယ်ချင်း Katherine ရှိရာ ကော်လိုရာဒိုပြည်နယ်က နယ်မြို့လေးကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီမှာ ထူးခြားတာက Walter မိသားစုမှာ သားယောက်ျားလေး ၁၀ ယောက် ရှိနေတာပါပဲ။

ဒီဇာတ်လမ်းရဲ့ အသက်ကတော့ Jackie နဲ့ Walter ညီအစ်ကိုနှစ်ယောက်ကြားက အချစ်တြိဂံပါပဲ။
Cole Walter: ဆိုးပေပေ၊ ဆွဲဆောင်မှုရှိပြီး ကျောင်းရဲ့ နာမည်ကြီး ကောင်လေး (Bad boy vibes)။
Alex Walter: စာဖတ်ဝါသနာပါပြီး သဘောကောင်းတဲ့၊ နွေးထွေးတဲ့ ကောင်လေး (Sweet & Kindhearted)။ ဒီညီအစ်ကို နှစ်ယောက်ကြားမှာ Jackie တစ်ယောက် ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာက ဇာတ်လမ်းရဲ့ အဓိက စွဲဆောင်မှုပါပဲ။

The Summer I Turned Pretty ဒါမှမဟုတ် To All the Boys I've Loved Before လို စီးရီးမျိုးတွေကို ကြိုက်တဲ့သူဆိုရင် ဒီကားက လုံးဝအကြိုက်တွေ့စေမှာပါ။

ဒီစီးရီးဟာ ကြည့်နေရင်းနဲ့ ပြုံးမိစေသလို၊ နောက်တစ်ပိုင်းကိုလည်း မနားတမ်း ဆက်ကြည့်ချင်အောင် ဆွဲဆောင်နိုင်တဲ့ Feel-good အမျိုးအစား ဖြစ်ပါတယ်...


စီးရီးချန်နယ်👇

https://t.me/Mnote07/3706?single
https://t.me/Mnote07/3706?single
❤2👍1
August 31, 2026 569 3