MoviesNote(Main Reviews): post #10811 — TG.ME

Outlander S1 to 8 (complete)

"အချိန်ခရီးသွားတာ အားလုံးထက် ပိုဆန်းကြယ်ပေမဲ့ထိုထက်ပိုဆန်းကြယ်တာက မတူညီတဲ့ ခေတ်နှစ်ခုကြားက ခိုင်မြဲလွန်းတဲ့ အချစ်တစ်ခုပါပဲ"..

စကော့တလန်ရဲ့ လှပဆန်းကြယ်တဲ့ သမိုင်းကြောင်း၊ စစ်ပွဲတွေနဲ့အတူ ရင်ခုန်စရာကောင်းတဲ့ ရိုးမန့်ဇာတ်လမ်းတွဲ

ကလဲရ်ဆိုတဲ့ အင်္ဂလိပ်အမျိုးသမီးဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ သူနာပြုအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။ သူ့ခင်ပွန်းကလဲ ထောက်လှမ်းရေးမှာတာဝန်ထမ်းဆောင်ခဲ့တယ်။ စစ်အပြီးမှာတော့ သူတို့ပြန်ဆုံကြပြီး စကော့တလန်ကို ဒုတိယဟန်းနီးမွန်းထွက်ခဲ့တယ်။

သူတို့ရောက်သွားခဲ့တဲ့ အင်ဗာနက်စ်မြို့အပြင်ဘက်မှာ မှော်ဆန်ဆန်ကျောက်တုံးစက်ဝိုင်းရှိပြီး ကလဲရ်တစ်ယောက် အဲ့နားသွားမိရာကနေ အတိတ် ၁၇၀၀ ခုနှစ်ဝန်းကျင်ဆီ အချိန်ခရီးသွားမိခဲ့တယ်။ ကလဲရ် ရောက်သွားတဲ့ ၁၇၀၀ ခုနှစ်ဝန်းကျင်က စကော့တွေဟာ ဘရစ်တိန်တွေကို တော်လှန်ပုန်ကန်နေကြတဲ့အချိန်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကလွတ်ခါစ ကလဲရ်လဲ တိုက်ပွဲတွေကြားပြန်ရောက်သွားခဲ့တယ်။ တိုက်ပွဲတွေတင်မကပဲ နှစ်နစ်ရာလောက်ကွာသွားတော့ မတူညီတဲ့ဓလေ့တွေ ယဥ်ကျေးမှုတွေ သူစိမ်းတွေကြားမှာ ကလဲရ်တစ်ယောက် ဘယ်လိုရုန်းကန်ရမလဲ။ သူ့ခင်ပွန်းဆီပြန်လာနိုင်မလား သူစိမ်းတွေကြားမှာပဲပျော်မွေ့ရတော့မလားဆိုတာ ၁၇၀၀ ခုနှစ်တွေဆီကို အချိန်ခရီးသွားပြီး လိုက်ကြည့်ကြရအောင်..

စီးရီးချန်နယ်👇

https://t.me/Mnote07/3698?single
https://t.me/Mnote07/3698?single
August 30, 2026 757