"မနက်ခင်း သတင်းတိုများ"
အဲဗာတန်ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ တိုက်စစ်မှူးသစ်မခေါ်ယူနိုင်ခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂျေမီဗာဒီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ (The Sun)
ဒေးဗစ် မိုယက်စ်ရဲ့အဲဗာတန်အသင်းဟာ မက္ကဆီကိုကလပ် မွန်တာရေးကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အသက် ၃၀ အရွယ် ပြင်သစ်တိုက်စစ်မှူးဟောင်း မာစီယယ်ကိုလည်း ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ်ရှိပါတယ်။ (Talksport)
အေစီမီလန်ဟာ ဘယ်တောင်ပံတိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့အတွက် အသင်းလက်မဲ့ ကစားသမားတွေထဲက တစ်ဦးတဲ့ အသက် ၃၃ နှစ်အရွယ်အိုင်ဗိုရီကိုစ့် တောင်ပံကစားသမား ဇာဟာကို စဉ်းစားလျက်ရှိပါတယ်။ (Gazzetta dello Sport)
အသက် ၁၉ နှစ်အရွယ် ဘရာဇီးတိုက်စစ်ကွင်းလယ်လူ ဝီလီယံဟာ နည်းပြဇာဘီအလွန်ဆိုရဲ့ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်နဲ့ ပတ်သက်လို့ စိုးရိမ်နေပြီး အခြေအနေအပေါ် မူတည်ကာ လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ကြိုးစားဖွယ် ရှိပါတယ်။ (ESPN Brazil)
ဒေါ့မွန်အသင်းထံ တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ အသက် ၁၉ နှစ်အရွယ် အင်္ဂလန် ယူ-၂၁ တောင်ပံကစားသမား Ethan Nwaneri ကိုလိုအပ်ပါက လာမယ့် ဇန်နဝါရီမှာ ပြန်လည်ခေါ်ယူနိုင်မယ့် option ကိုအာဆင်နယ်ဘက်က ရယူထားခဲ့ပါတယ်။ (Sky Sports Germany)
ဆန်းဒါးလန်း တောင်ပံကစားသမားတာဘီဟာ ဆော်ဒီကလပ် အယ်လ်အီတီဟတ်နဲ့ ဆွေးနွေးမှုများ ပြုလုပ်နေပြီး ဖီနာဘာချီနဲ့ ဂါလာတာစာရေး တို့ကလည်း ၎င်းကိုစိတ်ဝင်စားနေကြပါတယ်။ (Talksport)
ယူအေအီး ဒုတိယတန်းကလပ် Arabian Falcons အသင်းဟာ မန်ယူနဲ့ အင်္ဂလန် တောင်ပံကစားသမားဟောင်း ဆန်ချိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ (Daily Mirror)
အာဂျင်တီးနား တိုက်စစ်မှူး အသက် ၂၉ နှစ်အရွယ် မာတီနက်ဇ်က ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဟာ ဂုဏ်ယူစရာဖြစ်ပေမဲ့ အင်တာမီလန်မှာပဲ ဆက်ရှိချင်ခဲ့ပါတယ် လို့ ပြောကြားခဲ့ပါတယ်။ (Sky Sports Italia)
September 3, 2026 69