MM Storyteller Website: post #934 — TG.ME

🧁အခြားကမ္ဘာသို့ ကူးပြောင်းခြင်း - ကျွန်တော့်ရဲ့ သီးသန့်ကိတ်မုန့်ဆိုင် English Title - Transmigrating to Another World: My Exclusive Cake Shop Tags - BL/ Sweet/ Fantasy/ Transmigration/ Slice of Life/ Magic/ Fantasy World/ Transported to Another World/ Special Abilities/ Fantasy Creatures အကျဉ်းချုပ် ဟယ်ရှုနျန်သည် အရပ် (၁.၆) မီတာကျော် မြင့်မားထွားကျိုင်းပြီး လူကြီးတစ်ယောက်ကို လက်သီးတစ်ချက်တည်းနှင့် လဲကျအောင် ထိုးနိုင်သော်လည်း နူးညံ့ပျော့ပျောင်းသည့် ပန်းရောင်အရုပ်လေးများကို ရူးရူးမူးမူး စွဲလန်းတတ်သူဖြစ်သည်။ ထိုသို့သော ကိုယ်ခန္ဓာဗလတောင့်တောင့်နှင့် ဟယ်ရှုနျန်တစ်ယောက် မမျှော်လင့်ဘဲ မှော်ကမ္ဘာတစ်ခုသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့ပြီးနောက် တောနက်ကြီးထဲတွင် တစ်ခါမျှ မရှိခဲ့ဖူးသည့် ကိတ်မုန့်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့လေသည်။ ထိုအချိန်အတောအတွင်း၌ သူက အေးစက်တည်ငြိမ်ပြီး သီးသီးသန့်သန့် နေတတ်သော လူငယ်လေးတစ်ယောက်နှင့်တွေ့ဆုံခဲ့ရသည်။ ကိတ်မုန့်နဲ့ မှော်ပညာတို့ ပေါင်းစပ်သွားတဲ့အခါ ဘယ်လိုမျိုး စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းဆန်းတွေ ဖန်တီးလာမှာလဲ… ထိုတောနက်ကြီးထဲတွင် ကိတ်မုန့်ဟုခေါ်သည့် အရသာရှိသော မုန့်တစ်မျိုးတည်းကိုသာ ရောင်းချသည့် လျှို့ဝှက်ဆန်းပြားသော ဆိုင်တစ်ဆိုင်ရှိကြောင်း ကမ္ဘာတစ်ခုလုံးက သိကြသည်။ ထိုမုန့်ကို စားသုံးခြင်းဖြင့် မှော်ဓာတ်ခံစွမ်းအားကို တိုးမြင့်စေနိုင်သည်ဟု ပြောစမှတ်ပြုကြပြီး တော်ဝင်မျိုးနွယ်များပင်လျှင် ထိုမုန့်ကို ရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြရသည်။ ထို့အပြင် ထိုဆိုင်ကို အတင်းအဓမ္မလုယူရန် ကြိုးပမ်းသည့် မည်သည့်တော်ဝင်မျိုးနွယ်မျိုးမဆို ဤလောကကြီးမှ သဲလွန်စမရှိ ပျောက်ကွယ်သွားတတ်သည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေလေသည်။ ရှူး... တိုးတိုး… ဒါကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့ဦးနော်… 🍰🍰🍰 Hello Reader လေးတို့ရေ ... ဒီနေ့လဲ IQ Team ရဲ့ "အခြားကမ္ဘာသို့ ကူးပြောင်းခြင်း - ကျွန်တော့်ရဲ့ သီးသန့်ကိတ်မုန့်ဆိုင်" ဆိုတဲ့ novel လေးကိုကြေညာပါရစေ အမြည်းဖတ်လို့ရအောင် မင်မင်ကတစ်ခါတည်း Description လေးပါထည့်ပေးထားပါတယ်ရှင် ကြိုက်နှစ်သက်လို့ဖတ်မယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ website link လေးကိုနှိပ်ပြီးဝင်ဖတ်လို့ရပါတယ်ရှင် 👇👇👇👇👇 https://mmstoryteller.com/novel-626-chapters 💎Gem နဲ့ဝယ်မယ်ဆိုရင် တစ်ပိုင်းကို 5 တုံးနဲ့လဲလှယ်ဖတ်ရှုနိုင်ပါတယ် 💎Gem 100 ကို 1000 ks နဲ့ fb page cb / Tele Acc - @Ah_Moon_26 မှာအားပေးလို့ရပါတယ်နော် 💖 အမြဲအားပေးနေတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ် အားလုံး ကျန်းမာဘေးကင်း ဝင်ငွေတိုးပါစေ ♥️ THANK U 💙 www.mmstoryteller.com 🌸🌸🌸🌸🌸

July 7, 2026 671 5